ပုဒ်မတစ်ခုထဲနဲ့ မြို့နယ်ခွဲ အပြစ်ဒဏ်ပေးနေတာ ဥပဒေနဲ့မညီကြောင်း ကိုထင်ကျော်ရှေ့နေပြောကြား


2014.08.15
kohtinkyaw-305 မြောက်ဥက္ကလာပမြို့နယ် တရားရုံးနားမှာ ဇွန်လ ၁၉ ရက်နေ့က ကိုထင်ကျော် ပက်လက်လန်ဆန္ဒပြစဉ်
Photo: Kyaw Htoon Naing/RFA

ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားမူအဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်ကို မနေ့က လှှိုင်သာယာမြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်နှစ်ချမှတ်လိုက်ပြီး ခုလို မြို့နယ် တရားရုံး တစ်ခုစီကနေ ပုဒ်မတစ်ခုထဲနဲ့ ပြစ် ဒဏ်တွေ သီးခြားစီခွဲပြီး အပြစ်ပေးနေတာဟာ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ကိုထင်ကျော်ရဲ့ ရှေ့နေ ဦးရောဘတ် စန်းအောင်က RFAကို ပြောပါတယ်။

ကိုထင်ကျော်ဟာ လတ်တလောအနေနဲ့ မြို့နယ် ၈ မြို့ နယ်က ပုဒ်မ ၅ဝ၅ ခ နဲ့ စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက် ပြီး ထောင်ဒဏ်ပြစ်ဒဏ်တွေ ချမှတ်ပေးခဲ့တာမှာ စုစုပေါင်း ထောင်ဒဏ် ၇နှစ် ရှိပြီလို့ ဆိုပါတယ်။ ဦးရောဘတ်စန်းအောင်က ခုလိုပြောပါတယ်။

"ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၂၃၄ မှာ မျိုးတူ တဲ့ပြစ်မှုတွေကို ပထမပြစ်မှုကနေ နောက်ဆုံး ကျူးလွန်တဲ့ ပြစ်မှုအထိ လူတစ်ဦးတစ်ယောက် တည်းနဲ့ ပတ်သက်ပြီးဖြစ်စေ ထိုသို့ ပတ်သက်ခြင်း မရှိပဲ ဖြစ်စေတဲ့ နှစ်လအတွင်း ကျူးလွန်ကြောင်း စွပ်စွဲခံရတဲ့အခါမှာ ထိုသို့ကျူးလွန်သည့် ပြစ်မှုများအနက် သုံးမှုထက်မပိုသည့်ပြစ်မှုများအတွက် တစ်မှုတည်းမှာ ဖြေရှင်းနိုင်တယ်လို့ ဆိုပါတယ် ခုကျတော့ ဘယ်လိုဖြစ်နေလဲဆိုတော့ သုံးမှုတစ်မှုမဟုတ်တော့ဘဲနဲ့ တစ်မှုကို တစ်မြို့နယ်ရုံးနဲ့ စွဲနေတော့ "

ကိုထင်ကျော်ကို ပထမပိုင်းက ၅ဝ၅ ခ ပုဒ်မအတွက် ထောင်ဒဏ် ၆လ ချမှတ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ  တရားရုံးများကို သပိတ်မှောက်ခြင်း၊ ပြည်ထဲရေးဝန်ကြီးနဲ့ နိုင်ငံခေါင်းဆောင်တွေကို ဝေဖန်ပြောဆိုခြင်းတွေလုပ်တာကြောင့် ထောင် ဒဏ်တွေ အသီးသီးတိုးလာတာဖြစ်နိုင်တယ်လို့ ဇနီးသည် မစိန်ဌေးကပြောပါတယ်။

ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ကိုထင်ကျော်ကို ခုလိုပြစ်ဒဏ်တွေချမှတ်နေတာဟာ ပုဂ္ဂိုလ်ရေး အာဃာ တကြောင့် ဖြစ်တယ်လို့ ယူဆပါတယ်။

ကိုထင်ကျော်ရဲ့ဇနီးသည် မစိန်ဌေးကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။