ကျောက်တော်မှာ ညမထွက်ရအမိန့် ရုပ်သိမ်း


2014.08.09
kyauktaw-rakhine-305.jpg ကျောက်တော်မြို့ကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ည ၁၀ နာရီ ကနေ မနက် ၄ နာရီအထိ ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို မနေ့ကစတင်ပြီး ပြန်လည်ရုပ်သိမ်း လိုက်ပါတယ်။

ဒီအကြောင်း ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်းက RFA ကို အခုလို အတည်ပြု ပြော ပါတယ်။

"ရပ်ကွက်အလိုက်ကို အမိန့်ကြေညာစာတွေ လှည့်ပြီးတော့ ကြေညာခိုင်းတယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကိုလည်း ကြေညာခိုင်းတယ်ခင်ဗျ"

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်းမှာ ဒုတိယအကြိမ် ဖြစ် ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ကို စတင်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ကျောက်တော်မြို့နယ်မှာ မြို့ခံတွေရဲ့ တောင်းဆိုချက်အရ အခုလို ညမထွက်ရအမိန့်ကို ပြန်လည်ရုပ်သိမ်းခဲ့ တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် ဇွန်လနဲ့ အောက်တိုဘာလအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် မြို့နယ်အတော်များများမှာ ညမထွက်ရအမိန့်ကို ထုတ်ပြန်ခဲ့ရပြီး မြောက်ဦး၊ မင်းပြား၊ ပေါက်တော စတဲ့ မြို့နယ်တွေမှာ ပြန်လည်ရုပ်သိမ်းခဲ့ပြီးဖြစ်ပေမယ့် မြို့နယ်အချို့မှာ ဆက်လက်ထုတ်ပြန်ထားဆဲဖြစ်ကြောင်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။