ကြေးစင်တောင်နဲ့ စံပယ်တောင်ဒေသခံများ တတိယအကြိမ် ဆန္ဒပြ


2013.09.09

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ကြေးစင်တောင်နဲ့ စံပယ်တောင် ကြေးနီစီမံကိန်းဧရိယာအတွင်း သိမ်းယူထားတဲ့လယ်မြေဧက ငါးထောင်ကျော်အတွက် လျော်ကြေးရရှိရေး၊ ဒေသခံတွေရဲ့ နစ်နာချက်တွေကို ဖြေရှင်းပေးရေးအတွက် ရာနဲ့ချီတဲ့ဒေသခံတွေဟာ ကံကုန်းရွာမှာ ဒီနေ့ တတိယအြကိမ် ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းအတွက်ဆိုပြီး ၁၉၈၇ ခုနှစ်အတွင်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရက အဲဒီလယ်ယာမြေတွေကို သိမ်းခဲ့တဲ့အပေါ် အခုထိလျော်ကြေးမပေးသေးတာကြောင့် အခုလို တောင်းဆိုဆန္ဒပြရတာလို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကံကုန်းရွာသား ကိုအောင်စိုးက အခုလိုပြောပါတယ်။

မြေအောက်ရေ ကောင်းမွန်အောင်လုပ်ဆောင်ပေးဖို့၊ အက်စစ်စက်ရုံက ကျေးရွာနဲ့ အခြေခံပညာအထက်တန်းကျောင်းနဲ့ ကိုက်နှစ်ရာပဲဝေးတာမို့ ရွှေ့ပြောင်းပေးဖို့ပါ၊ မိုင်နံပါတ် ၄၄၆/၂ နဲ့ ၄၄၆/၇ အကြားမှာရှိတဲ့ ဒုတ်ထှာမြေတွေကို ပြန်လည်စိုက်ပျိုးလို့ရတဲ့မြေဖြစ်အောင်ဆောင် ရွက်ပေးရေး၊ ကျေးလက်ဆေးပေးခန်းတွေကို တိုက်နယ်ဆေးရုံအဆင့် ဖွင့်လှစ်ပေးဖို့၊ နောက်မြေ ယာလျော်ကြေးမပေးသေးလို့ တောင်းဆိုတာပါ”

ဒီနေ့ဆန္ဒပြပွဲကို ကံကုန်း၊ ဂုဏ်တော၊ ရွာသာ၊ ဝါးတန်းနဲ့ တယ်ပင်ခံစတဲ့ ကျေးရွာတွေက လယ်ယာမြေ ဆုံးရှုံးခဲ့သူတွေပါဝင်ခဲ့ပြီး တရားဝင်ခွင့်ပြုချက်နဲ့ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ဒေသခံတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့နဲ့ စက်တင်ဘာလ ၂ ရက်နေ့တွေကလည်း မြေယာလျော်ကြေးရရှိရေးအတွက် အခုလို ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။