တောင်သူလယ်သမားအဖွဲ့ စတင် ထူထောင်

ပြည်နယ်တိုင်း အသီးသီးက လယ်သမားအရေး ဆောင်ရွက်နေသူတွေ ဦးဆောင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့ကို ဒီကနေ့ စတင်ဖွဲ့စည်း ထူထောင်လိုက်ကြောင်း သိရပါတယ်။

2011.10.25
farmer_woman_work_305_z.jpg လယ်ယာ လုပ်ငန်းခွင်တခုတွင် အလုပ်လုပ်နေသော လယ်သူမလေးများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီအဖွဲ့နဲ့ ပတ်သက်ပြီး တရားဝင် မှတ်ပုံတင် ရရှိရေးအတွက် အလုပ်သမား ဝန်ကြီးထံကို ဒီကနေ့ လျှောက်ထားလိုက်ပြီ ဖြစ်ကြောင်း အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေက RFA ကို ပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်ကနေ ဥပဒေကို ပြဋ္ဌာန်း ပေးလိုက်ပြီးတဲ့နောက် သမ္မတကြီး ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တဲ့ နောက်ကို အလုပ်သမား အဖွဲ့အစည်း ဥပဒေ အကျိုးသက်ရောက်မှု ရှိနေပြီလို့ ယုံကြည်တဲ့အတွက် အလုပ်သမား ဝန်ကြီးကတဆင့် လျှောက်ထားလိုက်ပါတယ်။”

အဖွဲ့အတွက် တရားဝင် မှတ်ပုံတင် ရရှိတာနဲ့ တပြိုင်နက် တိုင်းနဲ့ပြည်နယ် အသီးသီးက လယ်သမားအရေး ဆောင်ရွက်သူတွေနဲ့ ပူးပေါင်းပြီး လယ်သမားတွေရဲ့ အခွင့်အရေးအတွက် စတင် အကောင်အထည်ဖော် ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေး အလုပ်သမားများအဖွဲ့ရဲ့ အခြေခံမူတွေနဲ့ ရည်မှန်းချက်တွေ အကြောင်း ဦးသန်းဆွေကို ဒေါ်ခင်ခင်အိက ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။