ကမ္ဘာတစ်ဝန်းက သတင်းသမားတွေ ဒီနှစ် အများဆုံး အကျဉ်းကျ

2021.12.16
ကမ္ဘာတစ်ဝန်းက သတင်းသမားတွေ ဒီနှစ် အများဆုံး အကျဉ်းကျ ရန်ကုန်မြို့၊ မြေနီကုန်းမှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြတာကို သတင်းယူနေတဲ့ သတင်းသမားအချို့ကို တွေ့ရစဉ်
Photo: RFA

ကမ္ဘာတစ်ဝန်း သတင်းမီဒီယာသမား ၄၈၈ ယောက် လောလောဆယ် ထောင်သွင်းအကျဉ်းကျနေပြီး ၄၆ ယောက် သေဆုံးရတယ်လို့ RSF နယ်စည်းမခြား သတင်းသမားများက ဒီနေ့ ကြေညာလိုက်ပါတယ်။

RSF က စာရင်းပြုစုတဲ့ ၂၅ နှစ်အတွင်း အကျဉ်းကျတဲ့ သတင်းသမား ဦးရေအများဆုံးဖြစ်ပေမယ့် သေဆုံးရသူ ဦးရေက စတင်မှတ်တမ်းပြုစုချိန်ကစလို့ အနည်းဆုံးပဲလို့ ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခ တည်ငြိမ်တာနဲ့ အတော်အတန်ဆက်စပ်တဲ့အတွက် သေဆုံးသူဦးရေ နည်းရတာလို့ ဆိုပါတယ်။

တရုတ်နိုင်ငံက သတင်းထောက် ၁၂၇ ယောက်ကို အကျဉ်းချတဲ့အတွက် ဒီနှစ်ထဲ ဦးရေအများဆုံးဖြစ်ပြီး မြန်မာက ၅၃ ယောက်နဲ့ ဒုတိယလိုက်ပါတယ်။ ဒီနောက် ဗီယက်နမ်က သတင်းသမား ၄၃ ယောက်၊ Belarus က ၃၂ ယောက်နဲ့ ဆော်ဒီအာရေဗျက ၃၁ ယောက် အကျဉ်းကျပါတယ်။

သတင်းသမားသေဆုံးရတဲ့ ဦးရေ အနည်းဆုံးဖြစ်တဲ့ ဒီနှစ်မှာ ဒီဇင်ဘာ ၁၀ ရက် လူ့အခွင့်အရေးနေ့မှာ မြန်မာနိုင်ငံက အသံတိတ်သပိတ်မြင်ကွင်းသတင်း ဓာတ်ပုံရိုက်ကူးတဲ့ အလွတ်သတင်းထောက် ကိုစိုးနိုင် အဲဒီနေ့ကပဲ ဖမ်းဆီးခံရပြီး ဒီဇင်ဘာ ၁၄ ရက်က သေဆုံးသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။