လောက်ကိုင်မြို့အနီး တိုက်ပွဲဆက်လက်ဖြစ်ပွားစဲ


2015.04.26
laukaing-soldiers-305.jpg လောက်ကိုင်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က ကင်းလှည့်နေတဲ့ မြန်မာစစ်သားတချို့ကို တွေ့ရစဉ်
Photo: AFP

ပြီးခဲ့တဲ့ ဧပြီ ၂၃-၂၄ ရက်နေ့တွေက လောက်ကိုင်မြို့ အနီး နမ်ဌေးမွန်တောင်ကြောမှာ တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားခဲ့ပြီးနောက်၊ ဒီကနေ့ လောက်ကိုင် မြို့နဲ့  မိုင် ၃ဝ ခန့်ဝေးတဲ့ ကုန်းကြမ်းဒေသဘက်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း လက်နက်ကြီးပေါက်ကွဲ သံတွေ ကြားရကြောင်းလောက်ကိုင်ဒေသခံ တွေကပြော ပါတယ်။

ဒီနေ့တိုက်ပွဲများ ဖြစ်ပွားနေတဲ့ ကုန်းကြမ်းဘက်ကို အစိုးရ ဘက်က စစ်ကားအများအပြား တက်သွားတာမြင်တွေ့ရ တယ်လို့ လောက်ကိုင်ဒေသခံ တစ်ဦးကပြောပြ ပါတယ်။

"ကုန်းကြမ်းဘက်မှာတော့ တွယ်နေတုန်းပဲ၊ မြေပုံထဲမှာ မိုင် ၃၀ ကျော်၊ ၄၀ နီးပါးရှိနေ တယ်၊ အကုန်လုံးတောထဲကအဖွဲ့ရော၊ စစ်ကားတွေ ကတော့ ၄၀ ကျော်ကျော်လောက်တက်လာတယ်၊ ဟိုဘက်မှာစုပြီး ဗုံးကြီးချနေတယ်ပြောတာဘဲ၊ ဒီလက်နက်ကြီးတွေ တစ်ချက်ချက်တော့လာတယ်၊ ဘယ်ကလာ တယ်ဆိုတာတော့ မသေချာဘူး"

အခုတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခြင်း မပြုသလို ဧပြီ ၂၃ရက်နေ့က တိုက်ပွဲသတင်းများကိုလည်း ထုတ်ပြန်ခြင်း မပြုပါဘူး။

ဒီအတောအတွင်း လောက်ကိုင်မြို့နဲ့ပတ်ဝန်းကျင်မှာ နေထိုင်သူတွေကို အာဏာပိုင်တွေက နေရပ်ပြန်ခိုင်းလျက်ရှိရာမှာ မြို့ပတ်ဝန်းကျင်က ရွာတွေအတွင်းကို စစ်တပ်က ဝင်ခွင့်မပေးဘူးလို့ ဒေသခံတွေကပြောပါတယ်။  မြို့တွင်း အိမ်ပြန်တဲ့ ဒေသခံတွေအနေနဲ့လည်း ညဘက်မှာ တရုတ်ပြည် နမ်ဆန်မြို့ဘက်ကို ကူးပြီး အိပ်ရတာမျိုးရှိသလို  အိမ်တွေမှာ အိမ်စောင့် တစ်ဦးနှစ်ဦးသာထားရှိတယ်လို့ ပြောပါတယ်။

လောက်ကိုင်မြို့နဲ့ ဒေသအခြေအနေနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။