ဘန်ဒေါင်းစိတ်ဓါတ် ဆက်လက်ခိုင် မြဲနေဖို့ သမ္မတဦးသိန်းစိန် တိုက်တွန်း


2015.04.24
president-theinsein-305 မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို တက်ရောက်လာတဲ့ သမ္မတ ဦးသိန်းစိန်ပုံ
Photo: President Office Website

အာရှနဲ့ အာဖရိကနိုင်ငံတွေမှာ ကြုံနေရတဲ့အခက်အခဲတွေ အတွက် ဘန်ဒေါင်းစိတ်ဓါတ် ဆက်လက် ခိုင်မြဲနေဖို့ လိုအပ်ကြောင်း သမ္မတဦးသိန်းစိန်က မနေ့ကပြောလိုက် ပါတယ်။

လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေဟာ လွန်ခဲ့ တဲ့နှစ်ပေါင်း ၆၀ ကျော်က ထက်ပိုမိုခက်ခဲရှုပ်ထွေးလှ တယ်လို့လဲ သူကပြောပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့မှာကျင်းပခဲ့တဲ့ အာရှ-အာဖရိက အနှစ် ၆၀ ပြည့် ညီလာခံမှာ ပြောလိုက်တာပါ။

ဒါ့အပြင် နိုင်ငံတွေအချင်းချင်းစုပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေက ဆင်းရဲမွဲတွေ မှုပပျောက်ဖို့၊ စီးပွါးရေးဖွံ့ဖြိုးတိုးတက်ဖို့၊ သဘာဝပတ်ဝန်း ကျင်ထိမ်းသိမ်းဖို့နဲ့ သဘာဝဘေးအန္တရာယ်ကျရောက်မှု က နေကာကွယ်လွတ်ကင်းနိုင်ဖို့ဆိုတဲ့ ဘုံစိုးရိမ်သော ကတွေကို ဖြေရှင်းနိုင်လိမ့်မယ်လို့ လည်းပြောပါတယ်။

အဲဒီ အာရှ-အာဖရိကညီလာခံ နှစ် ၆၀ ပြည့်ကို နိုင်ငံပေါင်း ၁၀၀ နီးပါးကခေါင်းဆောင် တွေ တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။