အစ္စလာမ်ဘာသာဝင်တွေကို အကာအကွယ်ပေးဖို့ ဦးသိန်းစိန်ကို စာပို့တောင်းဆို
2013.03.28

မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေရဲ့ အသက်အိုးအိမ် လုံခြုံဖို့အတွက် အစိုးရအနေနဲ့ ထိထိရောက်ရောက် ကာကွယ်ပေးဖို့နဲ့ ဒေသအနှံ့မှာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းတွေကို ဟန့်တားပေးဖို့အတွက် အစ္စလာမ် ဘာသာရေးခေါင်းဆောင်တွေကနေ ဒီကနေ့မှာ သမ္မတဦးသိန်းစိန်ထံ စာတစ်စောင် ပေးပို့ခဲ့ပါတယ်။
လက်ရှိဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် အရေးယူအပြစ်မပေးခဲ့တဲ့အတွက် မြို့တစ်မြို့ကနေတစ်မြို့ကို ကူးစက်နေတာဖြစ်ကြောင်း အစ္စလာမ် သာသာနာရေးရာကောင်စီ ဌာနချုပ် တွဲဖက်အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက RFA ကို ပြောပါတယ်။
ဒါ့အပြင် အပြစ်ကျူးလွန်သူတွေကို ဖေါ်ထုတ်ပြီး အရေးယူပေးဖို့ကိုလည်း အစ္စလာမ်ဘာသာရေးအဖွဲ့က တောင်းဆို ထားပါတယ်။
ပြီးခဲ့တဲ့ သတင်းပတ်က မိတ္တီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းမှာ သေဆုံးသူ ၄၀ နီးပါးလောက်ရှိပြီး အိုးအိမ်စွန့်ခွာထွက်ပြေးရသူ တစ်သောင်းကျော်ရှိတယ်လို့လည်းသိရပါတယ်။ မိတ္တီလာ အဓိကရုဏ်းနဲ့ ဆက်စပ်ပြီး ဖမ်းဆီးအရေးယူခံထားရသူတွေရှိတယ်လို့လည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။