လျှပ်တစ်ပြက် ဂျာနယ်ကို အသရေဖျက်မှုနဲ့ စွဲဆိုမှု မြို့နယ်တရားရုံး လက်ခံ
2012.07.29

"ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၀ အရ အသရေဖျက်မှုနဲ့ အရေးယူပေးပါရန်ဆိုပြီး ဦးတိုက်လျှောက်လိုက်တာ ဇူလိုင်လ ၁၆ ရက်နေ့က မြို့နယ် တရားသူကြီးက အမှုကို လက်ခံလိုက်ပြီပေါ့နော်။ လက်ခံလိုက်ပြီးတော့ ၃၀ ရက်နေ့မှာ ချိန်းပါတယ်။"
ဒါ့အပြင် လျှပ်တစ်ပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင်နဲ့ ဆောင်းပါးရှင် ဟာဂျူလီ (ကသာ) တို့ ကိုလည်း တရားမကြောင်းနဲ့ စွဲဆိုထားတယ်လို့သိရပါတယ်။
လျှပ်တစ်ပြက် ဂျာနယ် ဥပဒေ အကျိုးဆောင် ဖြစ်သူ ဦးသိန်းသန်းဦးက ဒီအမှုကိစ္စနဲ့ ပတ်သက်လို့ အခုလို အတည်ပြုပြောဆိုပါတယ်
"ဟာဂျူလီ (ကသာ) တယောက်ထဲကို ပြစ်မှုဆိုင်ရာ တရားရုံးမှာ ပုဒ်မ ၅၀၀ နဲ့ စွဲတယ်။ ဦးတိုက်လျှောက်ထားတာပေါ့ဗျာ။ အဲဒါကို လက်ခံလိုက်တယ်။ အဲဒါကို ဟာဂျူလီကတော့ ဖြေရှင်းရတော့မှာပေါ့။ နောက် ကိုမြတ်ခိုင်နဲ့ ဟာဂျူလီ နှစ်ယောက်ပေါင်းပြီးတော့ ဗယ်လဲင်တိုင်း (Valentine) ကာရာအိုကေ က နစ်နာကြေး ငွေ သိန်း ၅ ထောင် ရလိုမှု ဆိုပြီးတော့ ကသာခရိုင် တရားရုံးမှာ စွဲတာ။ အဲဒါကတော့ တရားမမှုပေါ့ဗျာ။"
နစ်နာကြေးငွေ သိန်းငါးထောင် ရလိုမှုနဲ့ စွဲဆိုတဲ့ တရားမမှုကို သြဂုတ်လ ကိုးရက်နေ့ကသာခရိုင် တရားရုံးမှာ စတင် စစ်ဆေးမယ်လို့သိရပါတယ်။