ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျိမ်း ထောင်သုံးနှစ်ချမှတ်ခံရ

RFA Burmese
2022.12.07
ကျောင်းသားခေါင်းဆောင်ဟောင်း ကိုဂျိမ်း ထောင်သုံးနှစ်ချမှတ်ခံရ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုလင်းထက်နိုင် ခေါ် ကိုဂျိမ်းစ်အား တွေ့ရစဉ်။
Photo: RFA

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဗဟို ကော်မတီဝင်ဟောင်း ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်းကို ဒီဇင်ဘာလ ၇ ရက် ဒီကနေ့မှာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ်သုံးနှစ်ကျခံဖို့ အင်းစိန်ထောင်တွင်း အထူးတရားရုံးက အမိန့်ချ လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ကိုဂျိမ်းကို ပုဒ်မ ၅၀၅ (က) နဲ့ ထောင်၃ နှစ် ချလိုက်တယ်။ အင်းစိန်ထောင်ထဲက ကျောက်တံတားမြို့နယ် တရားရုံး။ အထူး တရားရုံးပေါ့။ ကျနော်တို့လည်း ဒီအမှု မမြောက်ဘူးဆိုတာကို တင်ပြတာပဲ။ တရားလိုဘက်ကလည်း သေချာမတင်ပြနိုင် ဘူးလေ။ နောက်ဆုံးတော့ ချလိုက်တာပဲ။ နောက်တစ်မှု ကျန်သေးတယ်”

ဒီအပြင် ကိုဂျိမ်းဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ ဗိုလ်တထောင် ခရိုင် တရားရုံးမှာ ဒီနှစ် နိုဝင်ဘာလ ၃ ရက်က ထပ်မံတရားစွဲဆိုခံထားရပါတယ်။ သူ့ကို စစ်ကောင်စီတပ်တွေက ၂၀၂၂ခုနှစ် ဇွန်လ ၁၈ ရက်မှာ ဖမ်းဆီးခဲ့တာပါ။

ကိုဂျိမ်း ဖမ်းဆီးခံထားရချိန် အောက်တိုဘာ ၁၉ ရက်က အင်းစိန်အကျဉ်းထောင်ရဲ့ ထောင်ဝင်စာဌာနမှာ ဗုံးပေါက်ကွဲမှုကြောင့် ကိုဂျိမ်းရဲ့မိခင် ဒေါ်ကြီးမြင့် အပါအဝင် ရှစ်ဦးသေဆုံးခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၆ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း ၁၃,၀၅၇ ဦးရှိပြီး အဲဒီထဲက ၁,၆၈၄ ဦး ထောင်ဒဏ်ချမှတ်ခံထား ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။