ပစ်ခတ်မှု ၂၈ လပြည့် ဆန္ဒပြပွဲ လက်ပံတောင်းနဲ့ ရန်ကုန်မှာ ကျင်းပ


2015.03.29
lpt-28-month-protest-305 လက်ပံတောင်းတောင် အကြမ်းဖက်ဖြိုခွဲခံရမှု ၂၈ လပြည့် အထိမ်းအမှတ် ဒီမိုကရေစီအင်အားစုက မတ်လ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာ လမ်းလျှောက်ဆန္ဒပြစဉ်
Photo: Kyaw Zaw Win, Kyaw Lwin Oo/ RFA

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြခဲ့ ကြတဲ့ သံဃာနဲ့ ပြည်သူတွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်ဖြိုခွဲ ခဲ့တဲ့ဖြစ်ရပ် ၂၈ လပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့ နဲ့ လက်ပံတောင်းတောင်ဒေသမှာ မတ်လ ၂၉ ရက်နေ့က ဆန္ဒပြခဲ့ကြပါတယ်။

ဝမ်ပေါင်ကုမ္ပဏီထွက်သွား ဆိုတဲ့ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြသလို၊ ရန်ကုန်မှာလည်း ဆန္ဒပြ ပွဲကို သိမ်ကြီးဈေးအနီးမှာ ပြုလုပ်ခဲ့တာပါ၊ ရဲတပ်ဖွဲ့က လာရောက်တားမြစ်ခဲ့ပါတယ်။

လက်ပံတောင်းက ဆန္ဒပြပွဲကို လက်နက်ကိုင် ရဲအင်အား အလုံးအရင်းနဲ့ တားမြစ်ခဲ့သလို၊ ရန်ကုန် ဆန္ဒပြပွဲကိုလည်း ရဲတပ်ဖွဲ့က လာရောက်တားမြစ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။