လက်ပံတောင်းတောင် စီမံကိန်းက အက်ဆစ်ငွေ့တွေကြောင့် သီးနှံပင်ပျက်စီးမှု စစ်ဆေးနေ


2018.12.06
latpadaung-air-pollution-622.jpg လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအနီးမှာ ၂ဝ၁၈ နိုဝင်ဘာလ ၆ ရက်နေ့က လေထုညစ်ညမ်းမှုကို တိုင်းဒေသကြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက စက်နဲ့တိုင်းတာစဉ်
Photo: Thet Naing Win
စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက အက်ဆစ်ငွေ့တွေကြောင့် သီးနှံပင်တွေ ပျက်စီးတာတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနက ဒီကနေ့မှာ လာရောက် စစ်ဆေးနေပြီး အဲဒီက ထွက်ပေါ်လာတဲ့ရလဒ်ပေါ်မူတည်ပြီး ဆန္ဒပြ ကန့်ကွက်သွားမယ်လို့ ကျောက်ဖြူတိုင်ရွာက ကိုသက်နိုင်ဦး က RFA ကို ပြောပါတယ်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက အက်ဆစ် အငွေ့တွေကြောင့် သီးနှံပင်တွေ ပျက်စီးတဲ့အတွက် ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီ အလိုမရှိ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ချက်ချင်းရပ်ဆိုင်းပေးရေး၊ သဘာဝတ်ပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ ကြေးနီစီမံကိန်းကို အရေးယူပေးရေး စတဲ့ အချက် ၅ ချက်ကို မနေ့က ဒေသခံတောင်သူတွေ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကြေးနီစီမံကိန်း စွန့်ထုတ်လိုက်တဲ့ အက်ဆစ်ညစ်ညမ်းရေတွေကြောင့် ကွမ်းပင် ၂ သိန်းဝန်းကျင်နဲ့ နှမ်း၊ ပဲစင်းငုံ စတဲ့ သီးနှံပင်တွေ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

အက်ဆစ်ငွေတွေကြောင့် သီးပင်စားပင် ပျက်စီးမှုဒဏ်ကို အနီးအနားဝန်းကျင်က ဆည်တည်း၊ ကျောက်ဖြူတိုင်၊ လယ်တီစတဲ့ ရွာ ၅ ရွာလောက်ကခံနေရပြီး ဒေသခံတွေ စိုက်ပျိုးထားတဲ့ သီးပင်စားပင်တွေကို ဝယ်ယူမှုမရှိတော့ဘဲ စားဝတ်နေရေး အကျပ်အတည်းနဲ့ ကြုံတွေ့နေရတယ်လို့ ကိုသက်နိုင်ဦးက ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုအောင်သိင်္ခ ပေးပို့လိုက်တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။