လက်ပံတောင်းပဋိပက္ခ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့မည်
2014.12.24

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာမှာပါဝင်တဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်မှုကော်မတီ က လိုက်နာမှုအားနည်းခဲ့ကြောင်း စစ်ကိုင်းတိုင်းဝန်ကြီး ချုပ် ဦးသာအေးက ဝန်ခံပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂ ရက်က ပဋိပက္ခတွေကို စုံစမ်းစစ်ဆေး ဖို့ ကော်မရှင်ဖွဲ့မယ်လို့လည်း ဆိုပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှာ စစ်ကိုင်းတိုင်းဒေသကြီး NLD ပါတီဝင်တွေနဲ့ ဒီနေ့ တွေ့ဆုံစဉ် ဝန်ကြီးချုပ်က အခုလို ပြောဆိုခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းတိုင်း NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက် တာမြင့်နိုင်က ပြောပါတယ်။
"သူတို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ထားပါတယ်၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်သူအောင် ပါတယ်၊ နောက်ခရိုင်ရဲမှူးကြီးပါတယ်၊ ခရိုင်ဥပဒေအရာရှိပါတယ်၊ သူတို့တွေနဲ့ဖွဲ့ထားပါတယ်၊ သူတို့အစီရင်ခံစာ တက်တဲ့အပေါ်မူတည်ပြီးတော့ ပွင့်လင်းမြင်သာစွာလုပ်ပါ့မယ်တဲ့၊ ပြီးတော့ ဒီခြံစည်းရိုးခတ်တာတွေက ပြီးသွားပါပြီတဲ့"
အဲဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးကျော်သူအောင်က ဦးဆောင်မှာဖြစ်ပြီး ခရိုင်ရဲမှူးကြီး၊ ခရိုင်ဥပဒေအရာရှိတွေ ပါဝင်မှာဖြစ်ပါတယ်။
စီမံကိန်းဧရိယာအတွင်းမှာ ဝမ်ပေါင်ကုမ္ပဏီဘက်က ခြံစည်းရိုးခတ်တာတွေကို ရပ်ဆိုင်းထားမှာဖြစ်ကြောင်း၊ သေဆုံး သူ ဒေါ်ခင်ဝင်းအတွက် ထိုက်တန်တဲ့လျော်ကြေးပေးမှာဖြစ်သလို ဒဏ်ရာရသူတွေကိုလည်း ဆေးကုသပေး မှာဖြစ်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ်က ကတိပေးခဲ့တယ်လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့က သေဆုံးသွားတဲ့ မိုးကြိုးပြင်အလယ်ရွာသူ ဒေါ်ခင်ဝင်းဟာ သေနတ်ကျည်ဆန်ထိမှန်ပြီး သေဆုံး တာဖြစ်ကြောင်း ဆားလင်းကြီးမြို့ ဆေးရုံက မှုခင်းဆရာဝန်က ဒီနေ့ ပြောပါတယ်။
ဒီနေ့ အခြေအနေကို RFA သတင်းထောက် မဝေမာထွန်းက တင်ပြထားပါတယ်။