လယ်မြေဧက ၅၀၀၀ ကျော် အတွက် လျော်ကြေးပေးဖို့ ဆန္ဒပြ


2013.09.02

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က ကြေးစင်တောင်နဲ့ စံပယ်တောင် ကြေးနီစီမံကိန်းအတွက်  အာဏာပိုင်တွေသိမ်းယူထားတဲ့ လယ်မြေဧက ငါးထောင်ကျော်အတွက် လျော်ကြေးပေးဖို့ ရာဲ့ချီတဲ့ဒေသခံတွေ ဒီနေ့ ဒုတိယအကြိမ် ထပ်မံဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

၁၉၈၇ ခုနှစ် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်က အဲဒီလယ်ယာမြေတွေကို သိမ်းခဲ့တာလို့ သိရပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကံကုန်းရွာသား ကိုအောင်စိုးက အခုလိုပြောပါတယ်။

"မြေယာလျော်ကြေးရရှိရေး၊ ဒီမိုးကြိုး ဆာလဖြူရစ်အက်စစ်စက်ရုံ ရွှေ့ပြောင်းရေး၊ မိုင်တိုင်အမှတ် ၄၄၆/၂ နဲ့ ၄၄၆/၇ ကြားမှာရှိတဲ့မြေများကို ပြန်လည်စိုက်ပျိုးနိုင်သောမြေများဖြစ်အောင် လုပ်ဆောင်ပေးရေး၊ စီမံကိန်းအနီး စိုက်ပျိုးမြေများကို ပြန်လည်ပေးရေး၊ တရားဝင်စာတင်ပြီးတော့ ကျနော်တို့ပြတာပါခင်ဗျ၊ အိမ်တွေဘာတွေ ရွှေ့ပေးရတာတော့မရှိဘူး၊ လယ်ယာမြေတွေတော့ ပါသွားတာပေါ့"


ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ကလည်း ရသင့်ရထိုက်တဲ့  မြေယာလျော်ကြေးငွေတွေ ရရှိနိုင်ဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ လယ်ယာမြေဆုံးရှုံးခဲ့တဲ့ ကျေးရွာတွေကတော့ ကံကုန်း၊ ဂုဏ်တော၊ ရွာသာ၊ ဝါးတန်းနဲ့ တယ်ပင်ခံစတဲ့ ကျေးရွာတွေ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်ပြီး RFAသတင်းထောက် မရတနာဦးရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။