လက်ပံတောင်း ဒေသခံများ လိုအပ်ချက် ဖြည့်ဆည်းပေးဖို့ လိုအပ်


2014.06.02
lpt-305.jpg လက်ပံတောင်းတောင်ပုံ
Photo: RFA

ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီအနေနဲ့ လက်ပံတောင်းတောင် ဒေသခံတွေရဲ့ လူမူရေး၊ စီးပွားရေး၊ အပါအဝင် ဘက်စုံဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့ ဒေသတွင်း သုတေသနလုပ်ခဲ့တဲ့ လူမူရေးအဖွဲ့တစ်ခုဖြစ်တဲ့ ပဏ္ဍိတ ဖွံ့ဖြိုးရေးအဖွဲ့က ဒီကနေ့ အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

အဖွဲ့ဟာ လက်ပံတောင်းတောင်ဒေသတွင်း ရွာ ၅ ရွာက မိသားစု ၅၇ စုကို မေးခွန်းလွှာတွေပေး မေးမြန်းခဲ့ ပြီးနောက် အခုလို အစီရင်ခံစာထုတ်ပြန်လိုက်တာဖြစ် ပါတယ်။ ပဏ္ဍိတအဖွဲ့က လူ့အခွင့် အရေးစီမံကိန်း အရာရှိ ဦးပြေငြိမ်းကျော်က ခုလိုပြောပြပါတယ်။

"သူတို့ဘဝတွေက ဒီစီမံကိန်းကြာင့် တိုးတက်မှှု တစုံတရာတွေဟာ လုံးဝမရှိဘူး၊ သူတို့ဘဝတွေဟာ တဖြည်းဖြည်းဆုံးရှှုံးနစ်မြှတ်လာတယ်ဆိုတာ ကျနော်တို့ တွေ့ရှိရတယ်ပေါ့၊ ကျနော်တို့ အကြံပြုချင်တာကတော့ တခြားဝင်ငွေတိုးလုပ်ငန်းတွေ ကို ဖော်ဆောင်ပေးဖို့လိုအပ်တယ်၊ နောက်တခုက သင်တန်းတွေပေါ့နော် အဓိက စီးပွါးရေးလုပ် ငန်းတွေ ဖော်ဆောင်ပေးပြီးအသေးစား ချေးငွေတွေ ဒါမျိုးတွေကိုတော့လုပ်ပေးသင့်တယ်ဆိုတဲ့ဟာမျိုး ကိုတော့ ကျနော်တို့ အကြံပြုချက်ထဲမှာတော့ထည့်ထားတယ်ခင်ဗျ"

ကြေးနီစီမံကိန်းအတွက် ဒေသခံတွေရဲ့မြေယာတွေကို ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတွေက သိမ်းခဲ့ပြီး တဲ့နောက် မြေ ယာလျော်ကြေးများအပြင် ဒေသဖ့ွံဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပဏ္ဍိတ ဖ့ွံဖြိုးရေးအဖွဲ့ရဲ့ လေ့လာတွေ့ ရှိချက်အရ ကုမ္ပဏီကဆောင်ရွက်ချက် တွေဟာ ဟန်ပြပုံစံမျှသာဖြစ်တာ တွေ့ရှိရ တယ်လို့ ဆိုပါတယ်။

အဖွဲ့ရဲ့တွေ့ရှိချက် အစီရင်ခံစာကို မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ကို တင်ပြမှာဖြစ်သလို သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ လူမူရေးအဖွဲ့များ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း ပေးပို့သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။