မန္တလေးမြို့မှာ ဆူပူမှု ထပ်မံဖြစ်ပွား


2014.07.12
mdy-police-305 မန္တလေးမြို့မှာ ဇူလိုင်လ ၁ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့ ဆူပူမှုကြောင့် လုံခြုံရေးအတွက် လမ်းမတချို့မှာ ရဲကားတွေကို ချထားစဉ်
Photo: Hset Paing Toe/RFA

မန္တလေးမြို့ ၇၄-၇၅လမ်းကြား ၃၄လမ်း မောရဂီဝါ ရပ်ကွက်မှာ လုံခြုံရေးရဲတပ်ဖွဲ့တွေက ဆူပူသူ မွတ်စလင်တချို့ကို မနေ့ညက သေနတ်နဲ့ခြောက် လှန့်ပစ်ဖေါက်ပြီး လူစုခွဲလိုက်ရတယ်လို့ သတင်းရရှိ ပါတယ်။

သက်ဆိုင်ရာကညနေပိုင်းမှာ ဖမ်းထားတဲ့မွတ်စလင် လူငယ်တွေကို လွှတ်ပေးဖို့ ဒေသခံမွတ်စလင် လူစုက ရပ်ကွက်အုပ်ချုပ်ရေးရုံးကိုဝိုင်းပြီး တောင်းဆိုတဲ့အ တွက် ရဲတပ်ဖွဲ့တွေက သေနတ်ပစ်ဖေါက် လူစုခွဲလိုက် ရတယ်လို့သိရပါတယ်။

ဖြစ်ပွားပုံနဲ့ပတ်သက်လို့ မျက်မြင်သက်သေတစ်ဦးက RFA ကို အခုလိုပြောပါတယ်။

"မောရဂီဝါရပ်ကွက်ပေါ့နော် ရပ်ကွက်အုပ် ချုပ်ရေးရုံးကို သူတို့လူ ၁၅ဝ၊ ၂ဝဝ နီးပါးလောက် ရှိမယ် ရောက်လာတယ် ရောက်လာပြီးတော့ သူတို့က ညနေက ဥပုဒ်စောင့်နေတုန်း ဖမ်းသွားတယ်ဆိုတဲ့ သူတို့ခလေးတွေပါတယ်လို့ပြောတယ် အဲ့ဒါတွေကိုလွှတ်ဖို့ သူတို့ကလာပြီးတော့ တောင်းတာ ဆန္ဒပြတာပေါ့ အဲ့ဒီလို ရပ်ကွက်အုပ်ချုပ်ရေးရုံးမှာ တဖြည်းဖြည်းနဲ့ အခြေအတင်ပြောကြရင်းနဲ့ ရုန်းရင်းဆန်ခက် ဖြစ်သွားကြတာပါ"

အဲဒီနောက် ည၈နာရီကျော်အချိန်လောက်မှာ အခြေအနေပြန်လည်တည်ငြိမ်သွားတယ်လို့ဆိုပါ တယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတရုံးညွှန်ကြားရေးမှူးဖြစ်တဲ့ မှူးဇော်အမည်နဲ့ ဖေ့ဘွတ်စာမျက်နှာမှာ၊ ပြီးခဲ့တဲ့ရက်ပိုင်း ကဖြစ်ခဲ့တဲ့ ပဋိပက္ခမှာပါဝင်ခဲ့တယ်လို့သံသယရှိသူတွေကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ဝင်ရောက်ရှာဖွေခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး၊ လူတစ်စုကအော်ဟစ်ခဲ့ကြလို့ လုံခြုံရေးတာဝန်ရှိသူတွေက တည် ငြိမ်အောင် ထိန်းသိမ်းဖြေရှင်းနိုင်ခဲ့ပြီးဖြစ်ကြောင်းနဲ့ စိုးရိမ်ပူပန်ခြင်း မရှိကြဖို့၊ ထူးခြားမှုရှိရင် တာဝန်ရှိသူတွေကို အမြန်ဆုံး သတင်းပေးပို့ကြဖို့တိုက်တွန်းတဲ့ အကြောင်း ရေးသားဖေါ်ပြထားပါတယ်။

မနေ့ညက မန္တလေးမြို့မှာ ဖြစ်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်လို့ မျက်မြင်သက်သေတစ်ဦးကို RFA ဝိုင်းတော် သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။