မန္တလေးမြို့ မီးလောင်မှု နေအိမ် ၆ လုံး ပျက်စီးဆုံးရှုံး


2015.09.06
mandalay-fire-620.jpg မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ၇၉×၈ဝ လမ်းကြား ၃၆ လမ်းမှာ စက်တင်ဘာလ ၆ ရက်နေ့ မနက် ၈ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားနေစဉ်ကို တွေ့ရစဉ်
Photo: Myo Thant Khaing/ RFA

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်က ၇၉×၈ဝ လမ်းကြား ၃၆ လမ်းမှာ ဒီကနေ့ မနက် ၈ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွား ခဲ့တဲ့အတွက် နေအိမ် ၆ လုံး ဆုံးရှုံးသွားခဲ့ပါတယ်။

မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့က မနက် ၉ နာရီလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပြီး ကာလ တန်ဖိုး ၃၅ သိန်း တစ်သောင်းဖိုးခန့် ဆုံးရှုံးခဲ့တယ်လို့ မန္တလေးတိုင်း မီးသတ် တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မီးစတင်လောင်ကျွမ်းမှုဖြစ်စဉ်ကိုတော့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနက ဆက်လက်စုံစမ်းစစ်ဆေးနေပြီး လူသူ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။