စစ်ကိုင်းမြို့ ရှစ်လေးလုံး အရေးတော်ပုံမှာ ကျဆုံးသွားသူတွေအတွက် ဂုဏ်ပြုလမ်းလျှောက်


2013.08.09

ရှစ်လေးလုံး အရေးတော်ပုံကာလအတွင်း သြဂုတ်လ ၉ ရက်နေ့က စစ်ကိုင်းမြို့အမှတ် ၁ ရဲစခန်းရှေ့မှာ ရာဂဏန်းနဲ့ချီရှိတဲ့ ကျောင်းသားပြည်သူတွေ ပစ်သတ်ခံခဲ့မှုနဲ့ ပတ်သက်ပြီး အောက်မေ့ဂုဏ်ပြုတဲ့အနေနဲ့ ဒီကနေ့ လူဦးရေ ၁ဝဝ လောက် စီတန်းလမ်းလျှောက်ခဲ့ကြပါတယ်။

စီတန်းလမ်းလျှောက်သူတွေဟာ အနက်ရောင်အင်္ကျီတွေတ်ဆင် နှင်းဆီပန်းပွင့်တွေကိုင်ဆောင်ကာ စစ်ကိုင်းမြို့လယ်ကနေ ဧရာဝတီမြစ်ဆိပ်ကို သွားခဲ့ကြပါတယ်။ အဲဒီအချိန်က စစ်ကိုင်းမြို့အမှတ် ၁ ရဲစခန်းရှေ့မှာ ကျောင်းသားပြည်သူ ၃ဝဝ ကျော်သေဆုံးခဲ့ပေမဲ့ အာဏာပိုင်တွေက ၃၄ ဦးသေဆုံးကြောင်း ထုတ်ပြန်ကြေညာခဲ့တယ်လို့ ဒီနေ့ လမ်းလျှောက်ချီတက်သူတွေက ပြောပါတယ်။

ရှစ်လေးလုံးကာလ သြဂုတ်လ ၈ ရက်နေ့မှာ စစ်ကိုင်းမြို့ခံ နောင်ရိုးဦးတင်ဝင်းကို ရဲကဖမ်းဆီးသွားတဲ့အတွက် မြို့ခံလူထုထောင်ချီစုစည်းပြီး အမှတ် ၁ ရဲစခန်းရှေ့ကို သွားရောက်ဆန္ဒပြရာမှာ အဲဒီလိုပစ်ခတ်မူတွေ ပေါ်ပေါက်ခဲ့တာလို့ ပြောပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။