မတ္တရာမှာ တောင်သူတွေ ထွန်တုံးတိုက်ပွဲ ဆင်နွှဲ


2014.03.01
farmer-305.jpg လယ်ထွန်နေသော လယ်သမားများပုံ
Photo: RFA

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် တံငါရွာက တောင်သူလယ်သမား အသိမ်းခံထားရတဲ့ လယ်ယာမြေ ပြဿနာကို မဖြေရှင်းပေးတာကြောင့် လယ်သမား ၂၀၀ လောက်ဟာ သမဝါယမဝန်ကြီးဌာက သိမ်းယူထားတဲ့ လယ်မြေတွေမှာ ဒီနေ့ ဝင်ရောက်ထွန်ယက်ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး သိမ်းထားတဲ့ လယ်မြေပြဿနာကို ဖြေရှင်းပေးဖို့ အဆင့်ဆင့်တင်ပြခဲ့ပေမယ့် ဖြေရှင်းပေးခြင်း မရှိတာကြောင့် အခုလို ဝင်ရောက်ထွန်ယက်တာလို့ တံငါရွာကတောင်သူ ဦးမျိုးတင့်က ပြောပါတယ်။

"ကျနော်တို့က ဥပဒေဘောင်အတွင်းကနေ အေးအေးဆေးဆေး လယ်လာထွန်တယ်၊ သူများကို မရမ်းကားဘူး၊ ကျနော်တို့မြေရပိုင်ခွင့်နဲ့ လုပ်ငန်းဆောင်ရွက်သွားမှာပဲ၊ အစီရင်ခံစာလည်း တင်ပြီးပြီ၊ တင်ပြီးတော့ သူတို့က ဖြေရှင်းမပေးဘူးခင်ဗျ၊ ကျနော်တို့က ရာသီဥတုရောက်ပြီ၊ ဒါကမိုးကြိုသီးနှံ၊ ရောက်တဲ့အခါ တစ်ရာသီနစ်မွန်းသွားရင် နိုင်ငံတော်လည်း နစ်မွန်းမှာ၊ ကျနော်တို့လည်း နစ်မွန်းမှာ"


မတ္တရာမြို့နယ် တံငါရွာက တောင်သူ ၁၀၀ နီးပါးလောက် ပိုင်ဆိုင်တဲ့ ဧက ၆၀၀ ကျော်လောက်ကို ၁၉၈၆ ခုနှစ်က သမဝါယမဝန်ကြီးဌာနက သိမ်းယူခဲ့တာလို့ လယ်သမားတွေက RFA ကို ပြောပါတယ်။

ဒီနေ့ လယ် ၃ ဧကမှာ ထွန်တုံးချခဲ့တာဖြစ်ပြီး လာမယ့်နေ့တွေမှာလည်း ကျန်တဲ့လယ်မြေတွေပေါ်မှာ ဆက်ပြီးထွန်ယက်သွားမယ်လို့ ပြောပါတယ်။ အဲဒီ တံငါရွာက တောင်သူတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ကလည်း မတ္တရာမြို့မှာ သမဝါယမဝန်ကြီးဌာနကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။