နိုင်ငံသားကတ်ကိစ္စနဲ့ ကျောင်းဆရာခန့်အပ်မယ့်ကိစ္စ စစ်တွေမြို့ခံတွေ ကန့်ကွက်မည်


2018.09.16
maungtaw-teacher-meeting-622.jpg နိုင်ငံသားကတ်ကိစ္စနဲ့ ကျောင်းဆရာခန့်အပ်မယ့်ကိစ္စတွေကို ကန့်ကွက်မယ့်အကြောင်း ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်တွေမြို့မှာ အစည်းအဝေးပြုလုပ်ခဲ့စဉ်
.

ရခိုင်ပြည်နယ် ကျောက်နီမော်မှာ အစ္စလာမ်ဘာသာဝင် အယောက် ၃ ထောင်ကျော်ကို ကမန်တိုင်းရင်းသားအဖြစ် နိုင်ငံသားကတ်ထုတ်ပေးတဲ့ကိစ္စနဲ့ မောင်တောခရိုင်မှာ နိုင်ငံသား မဟုတ်သူတွေကို ကျောင်းဆရာခန့်အပ်မယ့် ကိစ္စကို ရခိုင် လူမှုအဖွဲ့အစည်းတွေနဲ့ ရခိုင်နိုင်ငံရေးပါတီတွေက ကန့်ကွက်သွားမယ်လို့ စစ်တွေမြို့ စည်းကမ်းထိန်း သိမ်းရေးနှင့် ကူညီစောင့်ရှေက်ရေး ရဟန်းတစ်ပါးဖြစ်တဲ့ ဆရာတော် ဦးဓမ္မိက က မိန့်ပါတယ်။

"ကန့်ကွက်တော့ ကန့်ကွက်ရမှာပေါ့။ မကန့်ကွက်ရင် နောက်ဖြစ်လာမယ့် ဆိုးကျိုးတွေက အများကြီးရှိတာမို့လို့ ကန့်ကွက်ကို ကန့်ကွက်ရမယ့် ကိစ္စဖြစ်တယ်။ ဘယ်လိုဖြစ်လာမလဲဆိုတော့ ဦးဇင်းတို့ ဒေသမှာ ဘင်္ဂါလီတွေကို တရားမဝင်တဲ့သူတွေလို့ အထူးအားဖြင့် ဒီဒေသမှာရှိတဲ့လူတွေက လုံးဝလက်မခံနိုင်တဲ့အတွက် ဒီအတိုင်း လက်ခံနေရင် နိုင်ငံသား ဖြစ်သွားမယ်။ နိုင်ငံသားဖြစ်သွားရင် သူတို့က အဲဒီအခွင့်အရေးတွေကို ယူပြီးတော့ သူတို့လုပ်ချင်တာမှန်သမျှကို ဆက်လက်ဆောင်ရွက်ကြမှာ ဒါကိုလည်း စိုးရိမ်ကြတယ်"

ဒီလို ကန့်ကွက်သွားဖို့ စစ်တွေမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်တွေ အပါအဝင်၊ ကြံ့ခိုင်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရခိုင်တိုးတက်ရေးပါတီတွေနဲ့ ရခိုင်လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် အယောက် ၂၀၀ ကျော်နဲ့ ဒီကနေ့ ဆွေးနွေးကြတာဖြစ်ပါတယ်။

RFA က ဆက်သွယ်မေးမြန်းတဲ့အချိန်ထိတော့ အစည်းအဝေး မပြီးသေးတာကြောင့် ဘယ်လိုကန့်ကွက်သွားမယ် ဆိုတာကို ဆွေးနွေးလို့ မပြီးသေးဘူးလို့ ပြောပါတယ်။

နေပြည်တော် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ပြီးခဲ့တဲ့ သြဂုတ်လမှာ ကျောက်နီမော်ကျေးရွာက ကမန်လူမျိုး မဟုတ်တဲ့ အစ္စလာမ်ဘာသာဝင် အယောက် ၃ ထောင်ကျော်ကို ကမန်တိုင်းရင်းသားတွေအဖြစ် နိုင်ငံသား စိစစ်ရေးကတ်တွေ ထုတ်ပေးခဲ့ပါတယ်။

အလားတူ မောင်တောဒေသမှာ နေထိုင်တဲ့ ဆယ်တန်းအောင်နဲ့ ဘွဲ့ရ မွတ်စလင်လူငယ်တွေကို အစိုးရသင်ကြားရေး အထောက်ကူပြု ဆရာတွေအဖြစ် ခန့်အပ်ဖို့ မောင်တောခရိုင် ပညာရေးဌာက စက်တင်ဘာ ၁၄ ရက် နောက်ဆုံး ထားပြီး စာရင်းကောက်ယူခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။