ပြင်ဦးလွင်မှာ စစ်တပ်ပိုင် ကုမ္ပဏီနဲ့ လယ်သမားတွေ တင်းမာမှုဖြစ်ပွား
2014.05.12

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ သပြေရေကျေးရွာက လယ်မြေဧက ၁ဝဝ ကျော်ကို စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) လက်အောက်ခံ မာဘယ်ကျောက် ကုမ္ပဏီက တပ် ပိုင်မြေဆိုပြီး ပိုင်နက်သတ်မှတ်ဖို့ တားဆီးနေ တာကြောင့် အဲဒီလယ်မြေတွေမှာ ထွန်ယက်စိုက် ပျိုး နေတဲ့ လယ်သမားတွေနဲ့ ဒီနေ့ တင်းမာ မှုတွေ ဖြစ်နေပါတယ်။
အဲ့ဒီ လယ်မြေဧက ၁ဝဝ ကျော်လောက်ကို ၁၉၉၃ ခုနှစ်က ခမရ ၃၃ က သိမ်းယူခဲ့ပြီး သီးစားချထားတဲ့ လယ်မြေတွေဖြစ်တယ်လို့ တောင်သူတွေက ပြော ပါတယ်။ တောင်သူတွေ အုပ်စုလိုက် ဒီနေ့ ဝင်ရောက်ထွန်ယက်တာဟာ ခြံစည်းရိုးခတ်တာကို ကန့်ကွက်တဲ့အနေနဲ့ ထွန်တုံးတိုက်ပွဲဆင်နွဲှတာ ဖြစ်တယ်လို့ သပြေရေကျေးရွာက တောင်သူ ဦးအေးလွင်က ပြောပါတယ်။
"သူတို့ကဒါ တပ်ပိုင်မြေပေါ့လေနော၊မင်းအောင်လှှိုင် ရဲ့အမိန့်နဲ့ ဒါတွေလုပ်တယ်သဘောနဲ့ အလံနီတွေ စိုက် ထုံးဖြူတွေတားပေါ့လေ၊အရာခံဗိုလ်တစ်ယောက်နဲ့ အင်ဂျင်နီယာတစ်ယောက်နဲ့ ကျောက်ပြား ဗိုလ်လေးတစ်ယောက်နဲ့ လာပြီးတော့သူတို့က ဇွတ်တရွတ်လုပ်တော့တာပဲ၊ အဲ့မှာကျနော်နဲ့ အချေအတင် စကားများပြီးတော့ ကျနော်တို့ကမခံနိုင်လို့ဒီလို ထွန်တုံးတိုက်ပွဲသဘောမျိုးပေါ့ ကျနော်တို့က လုပ်လိုက် ရတော့တယ်"
မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းပိုင် မာဘယ်ကျောက်ကုမ္ပဏီနဲ့ သပြေရေကျေးရွာ တောင်သူတွေအကြား ပိုင်ဆိုင်မှုအငြင်း ပွားနေတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ ဌာနဆိုင်ရာကိုတင်ပြခဲ့ပေမဲ့ ဖြေရှင်းပေးတာမရှိသေးဘူး လို့ တောင်သူတွေက ပြောပါတယ်။
လယ်ဧက ၁ဝဝ ကျော်မှာ ဆက်လက်စည်းတားနေမယ်ဆိုရင် တောင်သူတွေက မန္တလေးမြို့မှာ ရှိတဲ့ မာဘယ်ကျောက်စက်ရုံ ရုံးရှေ့မှာ ဆန္ဒပြသွားမယ်လို့ အာအက်ဖ်အေကို ပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ဇောဝင်း သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။