မော်တော်ယာဉ် အရောင်းအဝယ်လုပ်ကိုင်သူတွေ သတင်းစာရှင်းလင်း


2018.07.09
mdy-car-seller-press-622.jpg မန္တလေးမြို့ ပြည်ကြီးမျက်ရှင် ကားဝင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့က တွေ့ရစဉ်
Photo: Khaymani Win/RFA

မော်တော်ယာဉ်အင်္ဂါရပ် သတ်မှတ်ချက်တွေနဲ့ မညီတဲ့ယာဉ်တွေကို သိမ်းယူပြီး ပိုင်ရှင်ကိုပါ အရေးယူမှုတွေ ပြုလုပ်နေတဲ့အတွက် ယာဉ်ရောင်းဝယ်ရေးလုပ်ကိုင်သူတွေ အခက်အခဲဖြစ်နေတယ်လို့ ဒီနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မန္တလေးမြို့ ပြည်ကြီးမျက်ရှင် ကားဝင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ကြီးမျက်ရှင် ယာဉ်ရောင်းဝယ်ရေး စခန်း အတွင်းရေးမှူး (၁) ဦးရဲညွန့်က ကားအရောင်းအဝယ်တွေ ရပ်ဆိုင်းသွားတယ်လို့ ပြောပါတယ်။

"အရင်အစိုးရလက်ထက်အဆက်ဆက်ကလုပ်ခဲ့သလိုပဲ ကျနော်တို့က ဒီကားတွေကိုမိရင် မသိမ်းဘဲနဲ့ လူတွေကို ဥပဒေအရ အရေးမယူဘဲနဲ့ အရင်ခေတ်အဆက်ဆက်ကလိုပဲ ဒဏ်ငွေပဲဖြစ်စေချင်တာ၊ နောက်ကားကို အပြီး မသိမ်းစေချင်ဘူး၊ တချို့ဆိုရင် ဒီတစ်စီးလေးကို ကားဖြစ်အောင် မနည်းကြိုးစားရတာ၊ ဆိုက္ကားနင်းခဲ့ရတယ် မြင်းလှည်းမောင်းခဲ့ရတယ်၊ အဲဒီကနေ ကားဖြစ်အောင်လို့ကြိုးစားခဲ့ရတာ၊ ခွေးဘီလူးကအစ သိမ်းနေတယ် ဆိုတော့ ကျနော်တို့ပြည်သူလူထုက တထိတ်ထိတ်တလန့်လန့်နဲ့ ဖြစ်နေတယ်"

အဲဒီစစ်ဆေးမှုတွေကို ၂ဝ၁၇ ခုနှစ် ဇူလိုင်လလောက်ကတည်းက စတင်တာဖြစ်ပေမယ့် အခုရက်ပိုင်းမှာ စစ်ဆေး မှုတွေက ပိုဆိုးလာတယ်လို့ ပြောကြပါတယ်။

မော်တော်ယာဉ် အရောင်းအဝယ်လုပ်ကိုင်သူတွေ ကြုံတေ့ွရတဲ့အခြေအနေကို နိုင်ငံတော်အစိုးရထံ ဒီရက်ပိုင်း အတွင်း တင်ပြသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာတော့ ကားအစီး ၂ဝ လောက် ဖမ်းဆီးခံထားရတယ်လို့ မန္တလေးမြို့ ပြည်ကြီးမျက်ရှင် ကားဝင်းတာဝန် ရှိသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။