မန္တလေးက လူငယ်သပိတ်စစ်ကြောင်း ပစ်ခတ်ဖမ်းဆီးခံရ

2021.10.18
မန္တလေးက လူငယ်သပိတ်စစ်ကြောင်း ပစ်ခတ်ဖမ်းဆီးခံရ မန္တလေးမြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ၂၀၂၁ အောက်တိုဘာလ ၁၈ ရက်နေ့က ဆန္ဒပြနေကြစဉ်
Photo: CJ

မန္တလေးမြို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း နေ့စဉ်ဆန္ဒပြနေတဲ့ မန္တလေး လူငယ်သပိတ်စစ်ကြောင်းကို အောက်တိုဘာလ ၁၈ ရက် ဒီနေ့မနက်ပိုင်း အရပ်ဝတ်နဲ့ စစ်သားတွေ ကားနဲ့တိုက်ပြီး ပစ်ခတ်ဖမ်းဆီး ခဲ့တာကြောင့် ခြောက်ဦးထက်မနည်း အဖမ်းခံလိုက်ရပါတယ်။

မဟာအောင်မြေမြို့နယ်၊ ၆၈ လမ်း ၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြားမှာ ဖမ်းဆီးခံလိုက်ရတာလို့ သပိတ်စစ်ကြောင်း မှာ ပါ၀င်သူတွေက RFA ကိုပြောပါတယ်။

“မနက်က ဆန္ဒပြနေတုန်း အရပ်ဝတ်နဲ့ ကားရောက်လာပြီး လူအုပ်ကို ဝင်တိုက်တာ၊ အကုန်ထွက်ပြေးကြ ရတော့ ထိခိုက်ဒဏ်ရာရတဲ့ သူတွေလည်းများတယ်၊ ဓာတ်ပုံမှတ်တမ်း ရိုက်ပြီးချိန်ဆိုတော့ သပိတ် အောင်မြင်ပြီးမှ ဖြစ်တာလို့ ပြောလို့ရတာပေါ့၊ ဆိုင်ကယ် ၁၀ စီးလောက် ပါသွားတယ်၊ လတ်တလောမှာ လိုက်စုံစမ်း ဆက်သွယ်နေတာ ခြောက်ဦးလောက် ပျောက်နေတယ်၊ လုပ်စရာရှိတာတွေ ဆက်လုပ်ပြီး အာဏာရှင်ကို တော်လှန်သွားမှာပါ ” လို့ ဆန္ဒပြသပိတ်စစ်ကြောင်းမှာ ပါ၀င်ခဲ့သူတစ်ဦးက RFA ကိုပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကလည်း မန္တလေးမြို့မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ သပိတ်စစ်ကြောင်းကို စစ်တပ်က အကြမ်းဖက် ဖြိုခွင်းပြီး ပစ်ခတ်ခဲ့တာကြောင့် အသက်သေဆုံးမှု ရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့စာရင်းအရ စစ်တပ်က အာဏာသိမ်း လိုက်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၆ ရက်နေ့အထိ အဖမ်းခံရသူ ၇,၃၅၅ ဦးရှိပြီလို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။