စစ်ပွဲတွေ ရပ်တန့်ဖို့ မန္တလေးမှာ ဆန္ဒပြ


2016.10.15
stop-war-mdy-620.jpg စစ်ပွဲတွေ ရပ်တန့်ပေးဖို့ မန္တလေးမှာ အောက်တိုဘာလ ၁၅ ရက်နေ့က တောင်းဆိုဆန္ဒပြကြစဉ်
Photo: Hset Paing Toe/RFA

စစ်ပွဲတွေ ရပ်တန့်ပေးဖို့ မန္တလေးဒေသခံ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ကချင်လူမှုရေးအသင်းအဖွဲ့တွေ စုပေါင်းပြီး မန္တလေးမြို့တော်ခန်းမရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ လက်ရှိဖြစ်ပွားနေတဲ့ တပ်မတော်ရဲ့ ထိုးစစ်ဆင်မှုတွေကို ရပ်တန့်ပေး ဖို့ တောင်းဆိုတာဖြစ်တယ်လို့ ကချင်အမျိုးသမီး ဒေါ်လမိုင်ထွယ်ရာ က ပြောပါတယ်။

"ဒီနေ့ပါဝင်ရခြင်းသည် ကျမတို့အတွက် လူမျိုးရေးမပါပါဘူး၊ ဘာသာရေးနဲ့လည်း မဆိုင်ပါဘူး၊ နိုင်ငံရေး လည်းမဟုတ်ပါဘူး၊ စစ်ကြောင့်ဒုက္ခရောက်နေသော ကျမတို့အမျိုးသမီးများ၊ ကလေးများ၊ သက်ကြီး ရွယ်အိုများကို ငြိမ်းချမ်းစေချင်သောကြောင့်သာ စစ်ပွဲများရပ်တန့်ပေးဖို့ တောင်းဆိုရခြင်းဖြစ်ပါတယ်"

ဆန္ဒပြတောင်းဆိုသူ ၂ဝဝ ကျော်ဟာ မန္တလေးကျုံးမြို့ရိုးရဲ့ အနောက်တောင်ထောင့်ကနေ စုဝေးခဲ့ကြပြီး မန္တလေး မြို့တော်ခန်းမရှေ့ကို ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။