မိုင် ၁၆၀၀ လမ်းလျှောက်အဖွဲ့ မန္တလေးမြို့ကို ဆိုက်ရောက်


2014.04.19
myitsone-305 ဧရာဝတီမြစ်ဆုံ တစ်နေရာဖြစ်ပါသည်။
Photo Courtesy of Soe Win Nyein

ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးဖို့အတွက် ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံ တန်ဖဲရွာ အထိ မိုင်ပေါင်း ၁၆၀၀ လမ်းလျှောက် တောင်းဆိုနေကြသူတွေဟာ ဒီကနေ့ မန္တလေးမြို့ကို ရောက်ရှိခဲ့ပါတယ်။

လမ်းတစ်လျှောက်ဖြတ်သန်းရာ ရန်ကုန်တိုင်းထဲကမြို့နယ် ၃၃ မြို့နယ်နဲ့ စုစုပေါင်း မြို့နယ်ပေါင်း ၅၀ကျော်မှာ တရားမဝင်စီတန်း လှည့်လည်မှု ပုဒ်မ ၁၈နဲ့ သူတို့ကို တရားစွဲဆိုခံရထားကြောင်း လမ်းလျှောက် ဆန္ဒပြပွဲဦးဆောင်သူ ကိုရဲထွဋ်ခေါင်က ပြောပါတယ်။

" အောက်ခြေအဆင့်ဆင့်က ဌာနဆိုင်ရာတွေ အနေနဲ့ကတော့ လွှတ်တော်မှာ ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီးတော့ မဖျက်သိမ်းရတဲ့ ကာလဖြစ်တဲ့ အတွက်ကြောင့်လည်း သူတို့အနေနဲ့ကတော့ အထက်က စီစဉ်ညွှန်ကြားတဲ့ အတိုင်း ဆောင်ရွက်ထားတာပေါ့၊ နိုင်ငံနဲ့ ပြည်သူအတွက် အကျိုးမရှိတဲ့ မြစ်ဆုံ စီမံကိန်း ထာဝရဖျက်သိမ်းရေးအတွက် ကျွန်တော်တို့ ဆောင်ရွက်တာက (၁) နိုင်ငံတော်ကို ဆန့်ကျင်တာမဟုတ်ဘူး၊ (၂) အခက်အခဲတွေ့နေတဲ့ သမ္မတနဲ့ လွှတ်တော်ကိုဝန်ရံတာ အဲ့တော့ စွဲဆိုသင့်လား၊ မစွဲဆိုသင့်ဘူးလားဆိုတာတော့ နိုင်ငံတော် သမ္မတကြီးနဲ့တကွ ဝန်ကြီးချုပ်တွေအားလုံး စဉ်းစားဆုံးဖြတ်ဖို့ အချိန်ရောက်နေပြီလို့ ကျွန်တော်မြင်တယ်"

တရားစွဲထားတဲ့ နယ်မြို့နယ်တွေကတော့ မကွေး၊ ချောက်၊ ရေနံချောင်း၊ စက်သွား၊ ဒုရင်ဘို၊ မြင်ခြံ နဲ့ ညောင်ဦး တို့ဖြစ်ကြပါတယ်။

လမ်းခရီးတလျှောက် စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် ဒေသခံတွေက ကူညီကြတယ်လို့လည်း သိရပါတယ်။

အဲဒီအဖွဲ့ဟာ  ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့ကစပြီး ရန်ကုန်မြို့ကနေ လူတစ်ရာနီးပါးနဲ့စတင်လမ်း လျှောက်ခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။