လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွင်းမှု ဒေါက်တာညိုညိုသင်း ကို မေးမြန်း
2015.08.19

လက်ပံတန်းကျောင်းသားသပိတ် ဖြိုခွဲခံခဲ့ရတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံလုံးဆိုင်ရာ ပညာရေးပြုပြင်ပြောင်းလဲရေး ကွန်ရက်က ဒေါက်တာညိုညိုသင်းကို မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်က ဒီနေ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ဒေါက်တာညိုညိုသင်းက လက်ပံတန်းကျောင်းသားသပိတ်က ကျောင်းသားတွေကို လုံခြုံရေးတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲစဉ် အခြေအနေတွေကို သက်သေ အထောက်အထားတွေနဲ့တကွ ကော်မရှင်ကို ပြည့်ပြည့်စုံစုံ တင်ပြခဲ့တဲ့အကြောင်း RFA ကို ပြောပါတယ်။
"အဓိကကတော့ ကျမအချက် ၃ ချက်ကိုပြောတယ်၊ လက်ပံတန်းကျောင်းသားတွေအပေါ် အကြမ်းဖက်မှုကိစ္စဟာ ၄ ပွင့်ဆိုင်သဘောတူညီချက်ကို ချိုးဖောက်တဲ့ ကိစ္စဖြစ်တယ်၊ အထောက်အထားအပြည့်အစုံနဲ့ တင်ပြနိုင်ခဲ့ တယ်ပေါ့နော်၊ ဒုတိယအချက်က အစိုးရနဲ့ ကျောင်းသားတွေနဲ့ တင်းမာနေတဲ့အချိန်မှာ ကျမနဲ့ ဆရာတော် အရှင်ဆေကိန္ဒတို့ ကျောင်းသားနဲ့ပြေလည်ဖို့အတွက် ကြိုးစားခဲ့တယ်၊ အဲ့ဒါကိုလည်း သေသေချာချာရှင်းပြနိုင်ခဲ့တယ်၊ လက်ပံတန်းအကြမ်းဖက်မှု အင်အားအလွန်အကျွန် သုံးတဲ့ကိစ္စဟာ မဖြစ်သင့်ဘူးဆိုတာပြောခဲ့နိုင်ပါတယ်"
ဒ့ါအပြင် ကျောင်းသားသပိတ်ဖြိုခွဲခံရစဉ်က မျက်မြင်သက်သေ နှစ်ဦးကိုလည်း ကော်မရှင်အနေနဲ့ ခေါ်ယူမေးမြန်း ဖို့ ဒေါ်ညိုညိုသင်းက တင်ပြခဲ့တာကို ကော်မရှင်က လက်ခံလိုက်ကြောင်းလည်း ပြောပါတယ်။ ဒီတွေ့ဆုံပွဲနဲ့ပတ်သက် ပြီး ဒေါက်တာညိုညိုသင်းနဲ့ လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။