ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးနဲ့ ဒေသခံများ ဆွေးနွေး


2016.05.01
pharkant-jademine-620.jpg ကချင်ပြည်နယ် ဖားကန့်မြို့နယ်က စွန့်ပစ်မြေစာပုံတွေမှာ ရေမဆေးကျောက် ရှာဖွေနေသူတွေကို တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ဖားကန့်မြို့မှာ ရောက်ရှိနေတဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီး ဦးအုန်းဝင်းက သဘာဝ သယံဇာတပစ္စည်းများကို စနစ်တကျထုတ်ယူရေး၊ ရေရှည် တည်တံ့ရေးအပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး မြို့မိ မြို့ဖများနဲ့ တွေ့ဆုံပြီး ဆောင်ရွက်မယ့် အစီအစဉ်တွေ ဒီကနေ့ ချပြပါတယ်။

ဒီကနေ့ မနက်ပိုင်းက ဖါးကန့်မြို့ ၅ ရပ်ကွက်က မြို့မိမြိုဖများ၊ လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပြီးပြောဆိုခဲ့တာဖြစ်ပါတယ်။  အဓိက ဖားကန့်မြို့က သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနေတာတွေကို ပြုပြင်ရေးကို ပြောခဲ့ပါတယ်။ မနေ့ကလည်း ဥရုချောင်းနဲ့ ကျောက်စိမ်းတွင်းလုပ်ငန်းတွေ မြေစာပုံတဲ့ နေရာတွေကို သွားရောက်ကြည့်ရူ ခဲ့ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနဲ့အတူ ကျောက်မျက်ရတနာနဲ့ သတ္တုတွင်းက တာဝန်ရှိပုဂ္ဂိုလ်များ သဘာဝ ထိန်းသိမ်းရေးပညာရှင်များလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဝန်ကြီးနဲ့အဖွဲ့ဟာ ဒီကနေ့ ဒေသခံတွေနဲ့ အမှတ် ၄ ကျောက်မျက်ရုံးမှာ တွေ့ဆုံဆွေးနွေးအပြီး မွန်းလွဲပိုင်းမှာ မြစ်ကြီးနားမြို့ကို ပြန်လည်ထွက်ခွာသွားပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ငှက်ပျောတောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းအောင်ကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။