ရွေးကောက်ပွဲ သတင်းယူခွင့်ကိစ္စ နားလည်မှုလွဲ


2015.08.30
kyawminswe-620.jpg မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီ ဥက္ကဌ ဦးကျော်မင်းဆွေကို သြဂုတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Zaw Win/ RFA

လာမယ့် ရွေးကောက်ပွဲမှာ မြို့နယ်တစ်ခုမှာ သတင်းဌာနတစ်ခုက သတင်းသမား ၃ ဦး သာ သတင်းယူခွင့်ရှိမယ်လို့ ထုတ်ပြန်ထားတာဟာ ရွေးကောက် ပွဲကော်မရှင်က သတ်မှတ်ထားတဲ့ နေရာမှာသတင်းယူဖို့အတွက် ထုတ်ပြန် တာဖြစ်ကြောင်း ကော်မရှင်ရဲ့ ထုတ်ပြန်ချက်အပေါ် နားလည်မှုလွဲ တာသာဖြစ်ကြောင်း မြန်မာနိုင်ငံစာနယ် ဇင်းကောင်စီယာယီ တာဝန်ရှိသူက ပြောပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ စာနယ်ဇင်းကောင်စီ (ယာယီ)တို့ တနင်္ဂနွေနေ့က ဆွေးနွေးအပြီး မှာ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီယာယီ ဥက္ကဌ ဦးကျော်မင်းဆွေက ထုတ်ပြန်ချက်မတိုင်ခင်က နှစ်ဖက်ဆွေးနွေး ခဲ့မှု မရှိခဲ့တဲ့အတွက် နားလည်မှုလွဲတာဖြစ်ကြောင်း ပြောပါတယ်။

"ကျနော်တို့ကိုယ်တိုင်နားလည်ထားတာ ရွေးကောက်ပွဲကို တစ်မြို့နယ်မှာ ၃ ယောက်ပဲ သတင်းယူခွင့်ရှိမယ် ဆိုတဲ့အဓိပ္ပါယ်ကောက်ယူမှု အမှန်တစ်ကယ်တော့ အဲ့လိုမဟုတ်ဘူး၊ ရွေးကောက်ပွဲကော်မရှင်နဲ့ ကျနော် တို့ဆွေးနွေးကြည့်တော့မှ သူက သတင်းသမားတွေ ကို သီးသန့်အခွင့်အရေးပေးတာပေါ့၊ သီးသန့်အခွင့် အရေးဆိုတာ အရင်က သတင်း သမားတွေအားလုံးနည်းဥပဒေအရသတ်မှတ်ထားတဲ့ရွေးကောက်ပွဲနေရာ ရှိတယ်၊ အဲ့နေရာပြင်ပကနေကြိုက်တဲ့သတင်းယူ လို့ရတယ်၊ အတွင်းကိုဝင်ပြီးတော့ သတင်း ယူခွင့်၊ လေ့လာ ခွင့်ပေးတာ၊ ဒါကတော့ သတင်းမီဒီယာတိုက်တစ်ခုကို ၃ ယောက် ပေးလိုက်တာပေါ့၊ ရွေးကောက်ပွဲမဲပေး တဲ့နေ့ကို အဓိကထားတာပေါ့၊ အဲ့နေ့မှာ အထူး အခွင့်အရေးပေးလိုက်တဲ့သဘောမျိုးပါဘဲ"

ကော်မရှင်က ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေထဲက အများဆုံးဝေဖန်ခံနေရတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အခါအားလျော်စွာထုတ်ပြန်တဲ့ ညွှန်ကြားချက်များ ကို တိကျစွာလိုက်နာဆောင်ရွက်ပါမည်ဆိုတဲ့ အချက်ကို လည်း ပြန်လည်ပြင်ဆင်ပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ စည်းကမ်းချက်တွေကို ပြန်လည်ပြင်ဆင်သွားမှာ ဖြစ်ပြီး တပတ်အတွင်း ပြီးအောင်ဆောင်ရွက်မယ်လို့လည်း သိရပါတယ်။

ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ စာနယ်ဇင်းကောင်စီယာယီက ဦးကျော်မင်းဆွေ ကို အာအက်ဖ်အေ သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။