Cobra Gold ၂၉-နိုင်ငံ စစ်ရေးလေ့ကျင့်ပွဲ မြန်မာ မတက်ရောက်


2018.02.13
cobra-gold-622.jpg Cobra Gold ၂၉-နိုင်ငံ စစ်ရေးလေ့ကျင့်ပွဲကို လာရောက်လေ့လာသော မြန်မာတပ်မတော် အရာရှိတစ်ဦးကို တွေ့ရစဉ်
Photo: AP

အမေရိကန်တပ်ဖွဲ့များနဲ့ အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံများ စုစုပေါင်း နိုင်ငံ ၂၉ နိုင်ငံက တပ်ဖွဲ့ဝင် တစ်သောင်း တစ်ထောင်ကျော်ပါဝင်တဲ့ Cobra Gold စစ်ရေးလေ့ကျင့်ပွဲကို ထိုင်းနိုင်ငံ အရှေ့ပိုင်းမှာ ဒီကနေ့ ဖွင့်လှစ်လိုက်ပေ မယ့် မြန်မာနိုင်ငံက ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ထိုင်းစစ်တပ်က ဗိုလ်ချုပ်ကြီး Srisuwan က မြန်မာနိုင်ငံကို ဖိတ်ကြားတယ်လို့ ပြောဆိုပေ မယ့် လွှင်တင်ထားတဲ့ နိုင်ငံ ၂၉ နိုင်ငံ အလံတွေမှာ မြန်မာအလံ ပါဝင်ခြင်းမရှိပါဘူး။ မြန်မာ့တပ်မတော် ကိုယ်စားလှယ်  ၃ ဦး ဖိတ်တယ်လို့ ပြောပေမယ့် လေ့လာသူတစ်ဦးကိုသာ မြင်ရတယ်လို့ အေပီသတင်းဌာနက ဆိုပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကတော့ စစ်ရေးလေ့ကျင့်တဲ့ နိုင်ငံအဖွဲ့တွေထဲမှာ မြန်မာနိုင်ငံမပါဘူး၊ အရင်ကလည်း မြန်မာဟာ တက်တက်ကြွကြွပါဝင်တာ မဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း အမေရိကန် အထက်လွှတ်တော် စစ်လက်နက်ကော်မတီ ဥက္ကဌ ဂျွန်မက်ကိန်း ကလည်း လူ့အခွင်အရေး ချိုးဖေါက်တဲ့ မြန်မာတပ်ဖွဲ့နဲ့ အမေရိကန်တပ်ဖွဲ့တွေ လက်တွဲ လေ့ကျင့်ဖို့ မဖြစ်နိုင်ဘူးလို့ AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အခုပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်ပွဲဟာ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဖြစ်သလို သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မျိုးမှာ လူသားချင်းစာနာမှု ကယ်ဆယ်မှု အကူအညီတွေပေးနိုင်ဖို့ နှစ်စဉ်လေ့ကျင့်တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။