ထိုင်း-အမေရိကန် Cobra Gold စစ်ရေးလေ့ကျင့်မှု မြန်မာကို မဖိတ်ကြား

RFA Burmese
2023.02.18
ထိုင်း-အမေရိကန် Cobra Gold စစ်ရေးလေ့ကျင့်မှု မြန်မာကို မဖိတ်ကြား ၂ဝ၂ဝ ခုနှစ် ဖေဖော်ဝါရီ ၂၈ရက်နေ့က ထိုင်းနိုင်ငံတွင် ပြုလုပ်သည့် အမေရိကန်-ထိုင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် တွေ့ရသည့် ထိုင်းတော်ဝင်ရေတပ်မှ မရိန်းတပ်သားများ။
AFP

ထိုင်းနိုင်ငံမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ စတင်ကျင်းပမယ့် ၄၂ ကြိမ်မြောက် Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မြန်မာ ပါဝင်မှာ မဟုတ်ဘူးလို့ ထိုင်းဘုရင့်တပ်မတော်ပူးတွဲစစ်ဦးစီးချုပ် က ပြောလိုက်ပါတယ်။

ထိုင်ခုံကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံကို မဖိတ်ကြားခဲ့ဘူးလို့ ထိုင်းဘုရင့်တပ်မတော် ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ စစ်ဦးစီချုပ်က ပြောလိုက်တာပါ။ ဒါဟာ မြန်မာနိုင်ငံက Cobra Gold စစ်ရေးလေ့ကျင့်မှုမှာ မပါဝင်တာ သုံးနှစ်ဆက်တိုက်ဖြစ်ပါတယ်။

နှစ်စဉ် ထိုင်းနဲ့အမေရိကန် ပူးတွဲကျင်းပတဲ့ Cobra Gold စစ်ရေးလေ့ကျင့်ပွဲမှာ ဒီနှစ် လေ့လာသူ အပါအဝင် နိုင်ငံပေါင်း ၃၀ က တပ်ဖွဲ့ဝင် ၇၃၉၄ ပါဝင်ကြမှာဖြစ်ပါတယ်။

ထိုင်း၊ အမေရိကန်၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ အင်ဒိုနီးရှား၊ ဂျပန်နဲ့ မလေးရှား စတဲ့နိုင်ငံတွေက အဓိက လေ့ကျင့်မှုမှာ ပါဝင်ကြမှာဖြစ်ပြီး သြစတြေးလျ၊ တရုတ် နဲ့ အိန္ဒိယတို့က လူသားချင်းစာနာထောက်ထားမှုနဲ့ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လေ့ကျင့်မှုတွေမှာ ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။