ဒုက္ခသည်တွေကို အမြန်ဆုံးပြန်ခေါ်မည်လို့ ဝန်ကြီးပြော


2018.04.13
myanmar-minister-622.jpg လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ် တုပလောင်ဒုက္ခသည် စခန်းကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က သွားရောက်ကြည့်ရှုစဉ်
Photo: BenarNews

ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားခဲ့ကြတဲ့ ဒုက္ခသည်တွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ခေါ်ယူမှာဖြစ်ကြောင်း လူမှုဝန်ထမ်း ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က ထပ်မံပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂကတော့  မြန်မာဘက်က ပြန်လည်လက်ခံရေးအစီအစဉ်တွေ ဆောင်ရွက်နေဆဲဖြစ်တဲ့အတွက်  ပြန်ကြမယ့် ဒုက္ခသည်တွေရဲ့ လုံခြုံရေးအာမခံချက် မရှိသေးကြောင်း ပြောပါတယ်။

ဒါပေမဲ့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်ကြောင်း၊ ပြန်လည်ခေါ်ယူရေးကိစ္စ ဖြစ်နိုင်သမျှ အမြန်ဆုံးစတင်နိုင်ပြီဖြစ်ကြောင်း၊ ကြာသပတေးနေ့ညနေပိုင်းက ဘင်္ဂလားဒေ့ရှ်အရာရှိတွေနဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

ဒါပေမဲ့ ပြန်လည်ခေါ်ယူရေး စတင်မယ့် နေ့ရက်နဲ့ပတ်သက်လို့ အတိမကျမပြောဆိုသေးဘူးလို့ AFP သတင်းက ဆိုပါတယ်။

ဒုက္ခသည်ပြန်လည်ခေါ်ယူရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်က လူ ၈ ထောင်ကျော်ရဲ့ စာရင်းပေးခဲ့ပေမယ့် မြန်မာဘက်က အခုထိ လူ ခြောက်ရာ နီးပါးကိုသာ အတည်ပြုနိုင်ခဲ့ကြောင်းလည်း ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။