မြန်မာနယ်စပ်မှာ လူသားချင်းစာနာရေးရာဇုန်ထားဖို့ ထိုင်းစီစဉ်

RFA Burmese
2024.02.06
မြန်မာနယ်စပ်မှာ လူသားချင်းစာနာရေးရာဇုန်ထားဖို့ ထိုင်းစီစဉ် တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် မြန်မာစစ်ဘေးဒုက္ခသည်များအား ထိုင်း-မြန်မာ နယ်စပ်တစ်နေရာတွင် ၂ဝ၂၃ ခုနှစ် ဧပြီလ ၁ဝ ရက်နေ့က တွေ့ရစဉ်။
Photo: AFP

ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်-မြဝတီနားမှာ ဒီလကုန်လောက်အတွင်း လူသားချင်းစာနာရေးရာ လုံခြုံရေးဇုန်ထားရှိဖို့ ထိုင်းနိုင်ငံက စီစဉ်နေတယ်လို့ VNA သတင်းက ဖေဖော်ဝါရီ ၆ ရက်နေ့က ဖော်ပြပါတယ်။

ဒေသခံတွေနဲ့ တိုက်ပွဲတွေကြောင့် နေရပ်ရွှေ့ပြောင်းရသူ နှစ်သောင်းကို ရိက္ခာနဲ့ဆေးဝါး ပေးပို့ဖို့ဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဒု-ဝန်ကြီး Sihasak က ပြောပါတယ်။

ဒါဟာ အိမ်နီးချင်း မြန်မာနိုင်ငံက အဖွဲ့အစည်းတွေကြား တွေ့ဆုံဆွေးနွေးရေး လမ်းခင်းဖို့ ထိုင်းက ကြိုးပမ်းနေတာလို့ သတင်းက ဖော်ပြပါတယ်။ ဒီ ကနဦးကြိုးပမ်းချက်ကို လာအိုနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးက အတည်ပြုခဲ့တာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့က ကြီးကြပ်ပြီး မြန်မာနဲ့ ထိုင်းကြက်ခြေနီအသင်းက ကယ်ဆယ်ရေး ပစ္စည်းပေးပို့မယ်လို့လည်း ဆိုပါတယ်။

ဒီဆောင်ရွက်ချက်ဟာ မြန်မာနိုင်ငံက အဖွဲ့အစည်းတွေပါဝင်တဲ့ ဆွေးနွေးပွဲကို ဦးတည်နိုင်မယ်လို့ ထိုင်း နိုင်ငံခြားရေး ဒု-ဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် ထိုင်းဟာ တရုတ်နဲ့အိန္ဒိယအပါအဝင် နိုင်ငံတကာက မိတ်ဖက်တွေနဲ့ ညှိနှိုင်းနေတယ်လို့လည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။