မြန်မာဘိန်းဖြူ ထိုင်းနိုင်ငံမှာ ဖမ်းဆီးမိ
2014.03.27

(Photo: AFP)
မြန်မာနိုင်ငံမှာထုတ်လုပ်ပြီး ထိုင်းနိုင်ငံမြောက်ပိုင်း ကနေ မှောင်ခိုတင်သွင်းခဲ့တယ်လို့ ယုံကြည်ရတဲ့ ဘိန်းဖြူ ပေါင်ချိန် ၃၂ဝ ကျော်ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအစိုးရ အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာ လိုက်ပါတယ်။
ဒီဘိန်းဖြူတွေကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှာ အင်္ဂါနေ့ညပိုင်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး ကာလတန်ဖိုး အမေရိကန်ဒေါ်လာ ၉၆ သန်းခန့်ရှိတယ်လို့ ထိုင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းတစ်ဦးနဲ့ မလေးရှားတစ်ဦးကို မူးယစ်ဆေးဝါး ကုန်သွယ်မှုနဲ့ ဖမ်းဆီးထားတယ်လို့လည်း သိရပါတယ်။
အဲဒီ ဘိန်းဖြူမှုံ့ထုပ် ၄၂ဝကို ရေခဲရိုက်ထားတဲ့ ပင်လယ်ရေထွက် ကုန်သတ္တာတွေထဲမှာ ထည့်သွင်းထားတာဖြစ်ပြီး သြစတြေးလျနိုင်ငံကို တင်ပို့မယ်လို့ ယူဆရကြောင်း ထိုင်းရဲအရာရှိ တစ်ဦးက ပြောပါတယ်