ဘာသာ မတူသူများ အပြန်အလှန်လေးစားကြဘို့ လိုကြောင်း အရှင်ဝီရသူ မိန့်ကြား


2013.03.27

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်ဝီရသူက မိတ္ထီလာအရေးအခင်းမှာ သံဃာတစ်ပါး သတ်ဖြတ်ခံရမှုကြောင့် ခုလိုမလိုလားအပ်တဲ့ အရေးအခင်းကြီးတစ်ခု ဖြစ်ပေါ်ခဲ့ရကြောင်း၊ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လည်း အရေးယူမှုများစွာ အားနည်းခဲ့ကြောင်းနဲ့ လက်ရှိမြို့တချို့မှာ ဖြစ်ပွားနေတဲ့ ဆူပူဖျက်ဆီးမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံမဟုတ်တဲ့ ပြင်ပကလူတွေ ပါဝင်နေတယ်လို့ ယူဆကြောင်း RFA ကိုပြောဆိုလိုက်ပါတယ်။

ဒါ့အပြင် အရှင်ဝီရသူက သူ့ကိုလူတချို့က အစ္စလာမ်ဘာသာ ဆန့်ကျင်ဟောပြောတယ်လို့ ဝေဖန်နေကြတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အစ္စလာမ်ဘာသာကို အဆိုးမြင်ဟောပြောနေတာမဟုတ်ပဲ မြန်မာနိုင်ငံတွင်းနေထိုင်ကာ အမျိုးဘာသာကို စော်ကားနေတဲ့ မူဆလင်တွေကိုသာ ဆန့်ကျင်ပြောကြားနေခြင်းဖြစ်ကြောင်း၊ အဲဒီမူဆလင်တချို့ကို အာရပ်နိုင်ငံတွေက မြှောက်ပင့်အားပေးနေတယ်လို့ယူဆကြောင်း၊ မြန်မာနိုင်ငံတွင်း မူဆလင်နဲ့ မြန်မာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားမှုရှိဖို့လိုကြောင်းစသဖြင့် ပြောကြားလိုက်ပါတယ်။

မစိုးရိမ်ကျောင်းတိုက် ဆရာတော် အရှင်ဝီရသူနဲ့ ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းချက် အပြည့်အစုံကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။