မြန်မာ ဒုက္ခသည်တွေအတွက် နေရာသစ်ရှာဖွေ


2018.09.21
myanmar-refugees-622.jpg အမေရိကန်ရောက် မြန်မာဒုက္ခသည်တွေကို တွေ့ရစဉ်
.

အမေရိကန်ပြည်ထောင်စု နဘယားစကားပြည်နယ် အိုမာဟာမြို့က တိုက်ခန်းတွဲကြီးတစ်ခုမှာ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည် ၅ဝဝ ခန့်ကို သူတို့လက်ရှိနေထိုင်ရတဲ့ အခန်းတွေမှာ ညစ်ပတ်ပေရေပြီး အဆင့်အတန်း နိမ့်ပါးလွန်းတဲ့အတွက် အရေးပေါ်ကယ်တင်ပြီး သင့်တော်ရာနေရာတွေကို ပြောင်းရွှေ့ပေးဖို့ သက်ဆိုင်ရာ လူမှုရေးအဖွဲ့တွေက အပူတပြင်း ကြိုးစားနေကြပါတယ်။

အဲဒီ ဒုက္ခသည်တွေထဲမှာ ကလေး ၁၇၅ ဦးပါဝင်ပြီး မိဘတွေက အသားထုတ်ပိုး စက်ရုံတွေမှာ လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။

မြန်မာတွေ နေထိုင်တဲ့ အဲဒီတိုက်ခန်းတွေမှာ ကြမ်းပိုးတွေ၊ လောက်တွေ၊ သန်းတွေ၊ ကြွက်တွေပြည့်နေပြီး လျှပ်စစ် မီးခလုပ် အန္တရာယ်မကင်းမှု၊ ဓာတ်ငွေ့ယိုစိမ့်မှုနဲ့ မှိုတက်မှုတွေလည်း ရှိနေကြောင်း စစ်ဆေးရေးအရာရှိတွေက ကြာသပတေးနေ့မှာ တွေ့ရှိခဲ့ပြီးနောက် လူနေထိုင်ရန် မသင့်တော်ဘူးလို့ ဆုံးဖြတ်ကာ စီမံချက်တစ်ခုကို လူသားချင်း စာနာရေးကြိုးပမ်းမှုလို့ အမည်ပေးပြီး သူတို့အတွက် သင့်တော်ရာတိုက်ခန်းတွေ ရှာကြံပေးဖို့ စီစဉ်နေပါတယ်။ လတ်တလောမှာတော့ သူတို့ကို မြို့မှာရှိတဲ့ ရပ်ကွက်လူမှုရေးဌာနတွေမှာ ယာယီနေထိုင်ဖို့ စီစဉ်ပေးထားတယ်လို့ ABC ရုပ်မြင်သံကြားဌာနက ကြေညာပါတယ်။

မြန်မာနိုင်ငံ နယ်ခြားဒုက္ခသည်စခန်းတွေကနေ အမေရိကန်ပြည်ထောင်စုမှာ ဘဝသစ်ထူထောင်ဖို့  ပြန်လည်နေရာ ချထားရေး အစီအစဉ်နဲ့ ရောက်ရှိလာသူ အများအပြားနေထိုင်တဲ့ အိမ်ယာတွေ ညံ့ဖျင်းပြီး သန်းတွေ၊ ကြမ်းပိုးတွေ၊ ပိုးဟပ်တွေ၊ ကွမ်းတံတွေးတွေနဲ့ ညစ်ပတ်ပေရေနေတဲ့ သတင်းတွေကို မကြာခဏ ကြားရလေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။