မြန်မာလူမှောင်ခို ဂိုဏ်းခေါင်းဆောင်ကို ထိုင်းရဲက ဖမ်းဆီးမိပြီ
2013.08.09
မြန်မာနိုင်ငံက ရွှေ့ပြောင်းလာသူတွေကို ငါးဖမ်းလှေတွေမှာရောင်းစားတဲ့ လူမှောင်ခိုဂိုဏ်းခေါင်းဆောင်လို့ မသင်္ကာရသူတစ်ဦးကို ဖမ်းဆီးလို
တောင်ပိုင်း ဆူရတ်ထာနီ ခရိုင်က ရော်ဘာစိုက်ခင်းတခင်းကို ထိုင်းအထူးစုံစမ်းရေးဌာနနဲ့ ရဲအဖွဲ့တို့ စီးနင်းချိန်မှာ အသက် ၄၂ နှစ်ရွယ် အဲဒီမြန်မာနိုင်ငံသား ကိုမျိုးကို သေနတ်ဒဏ်ရာနဲ့ ဖမ်းမိလိုက်တာပါ။
ထိုင်းငါးလုပ်ငန်းမှာ ရွှေ့ပြောင်းမြန်မာနိုင်ငံသားတွေ မှောင်ခိုရောင်းစားခံရတာကို နိုင်ငံတကာက စိုးရိမ်မှုတွေ ကြီးမားလာခဲ့စဉ်အတွင်း ခုလို စီးနင်းဖမ်းဆီးမိတာလည်း ဖြစ်ပါတယ်။