မြန်မာ့အရေးအမြန်ဖြေရှင်းဖို့ အာဆီယံကို ထိုင်းဝန်ကြီးချုပ်သစ်တောင်းဆို

RFA Burmese
2024.10.07
မြန်မာ့အရေးအမြန်ဖြေရှင်းဖို့ အာဆီယံကို ထိုင်းဝန်ကြီးချုပ်သစ်တောင်းဆို ၂ဝ၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပသည့် ဆွေးနွေးပွဲတစ်ခု တက်ရောက်လာသော ထိုင်းဝန်ကြီးချုပ်သစ် ပေထုန်တန် ရှင်နာဝပ်ထရာ။
Photo: AFP

မြန်မာအရေးမှာ အာဆီယံ အဓိကအခန်းကဏ္ဍကနေ ပါဝင်ဖို့လိုပြီး အမြန်ဆုံးဖြေရှင်းဖို့လိုတယ်လို့ ထိုင်းဝန်ကြီးချုပ်သစ် ပေထုန်တန် ရှင်နာဝပ်ထရာက ပြောဆိုလိုက်ပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း လာအိုနိုင်ငံမှာ ကျင်းပဖို့ရှိနေတဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံမတိုင်ခင် အောက်တိုဘာလ ၇ ရက် ဒီနေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အခမ်းအနားတစ်ခုမှာ အခုလိုပြောဆိုတာလို့ ရိုက်တာသတင်းကဖော်ပြပါတယ်။

အဲဒီညီလာခံကနေ မြန်မာ့အရေးဆုံးဖြတ်ချက်တစ်ခုထွက်လာဖို့ တွန်းအားပေးသွားဖို့ရှိနေပြီး၊ နောက်နှစ်အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန်ယူမဲ့ မလေးရှားနိုင်ငံနဲ့ လက်တွဲပြီး ထိုင်းနိုင်ငံက ပူးပေါင်းဆောင်ရွက်သွားဖို့ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။

ပေထုန်တန် ရှင်နာဝပ်ထရာ အစိုးရအသစ်တက်လာပြီးနောက် မြန်မာ့အရေးပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုတာလည်းဖြစ်ပါတယ်။

အာဆီယံဆက်စပ်အစည်းအဝေးတွေကို အောက်တိုဘာလ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ အိမ်ရှင်လာအိုနိုင်ငံက လက်ခံကျင်းပနေပြီး၊ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ နိုင်ငံ့ခေါင်းဆောင်တွေတက်မဲ့ ထိပ်သီးညီလာခံကို ကျင်းပမှာပါ။

ဒီညီလာခံကို မြန်မာစစ်ခေါင်းဆောင်တွေကို တက်ရောက်ခွင့်ပိတ်ပင်ထားပြီး၊ မြန်မာပြည်ကိုယ်စားပြုအတွက် ခုံနေရာကို ချန်လှပ်ထားတာဖြစ်ပါတယ်။

လာမယ့်နှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို မလေးရှားနိုင်ငံက လွှဲပြောင်းယူမှာဖြစ်ပြီး မလေးရှားတာဝန်ယူချိန်မှာ မြန်မာ့အရေး အာဆီယံက ပိုထိထိရောက်ရောက်လုပ်လာနိုင်လိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက မျှော်လင့်နေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။