မြန်မာအလုပ်သမား ၆၀၀ ကျော် အဖမ်းခံရ

တရုတ် မြန်မာနယ်စပ် ရွှေလီနဲ့ ကျယ်ခေါင်မြို့တွေမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေကို တရုတ်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သီတင်းပတ်ကတည်းက စတင်ဖမ်းဆီးနေရာမှာ မြန်မာအလုပ်သမား ၆၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း၊ တရုတ် မြန်မာနယ်စပ် အခြေစိုက် ဒေသခံတွေက ပြောပါတယ်။

2012.03.19
china_flag_guard_305_z.png တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ ပြည်သူ့ မဟာခန်းမ အဆောက်အအုံကြီး ရှေ့တွင် အစောင့် တပ်သားတဦး တာဝန်ကျနေပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

အခုလို ဖမ်းဆီးခံရတဲ့ မြန်မာ အလုပ်သမားအများစုဟာ နေ့စဉ်၊ အပတ်စဉ် သတ်မှတ်ပေးတဲ့ နိုင်ငံကူး လက်မှတ်တွေ မလုပ်နိုင်တဲ့ အလုပ်သမားတွေက အများစုဖြစ်တယ်လို့ တရုတ် မြန်မာနယ်စပ်မှာ နေထိုင်တဲ့ စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော်က ပြောပါတယ်။

အခုရက်ပိုင်းအတွင်း မြန်မာအလုပ်သမားတွေကို ဖမ်းဆီးမှုမှာ အရင်နဲ့မတူပဲ တရုတ်ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ဝင်တွေဟာ ကိုယ်ထိလက်ရောက် စော်ကားတာတွေပါ တွေ့ရှိရတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-03-19 23:02

ခိုင်းလို့ ကောင်းတုန်းက မြန်မာအလုပ်သမားတွေကို ဈေးပေါပေါ အောက်ဆုံးဈေးနဲ့ ခိုင်းတယ် အခု သူတို့ အကျိုးစီးပွားကို ကန့် ကွက်မှုတွေလုပ်တော့ အလုပ်သမားတွေကို ဖမ်းတယ် ဒီလို သမာသမက်ကျချင်ရင် အစထဲက အ၀င်မခံပါနဲ့ လား..မြန်မာနိုင်ငံက ရစရာလဲမကျန်ရော..အမျိုးယုတ်တဲ့ တယုတ်တွေ စားပြီးစားခွက်သေးပန်းပြီ အောက်တန်းစားလုပ်ရပ်တွေ...