မြန်မာရေတပ်က ငါးဖမ်းသမားကို သတ်ဖြတ်မှုအပေါ် ဘင်္ဂလားဒေ့ရှ်ကန့်ကွက်

RFA Burmese
2024.10.11
မြန်မာရေတပ်က ငါးဖမ်းသမားကို သတ်ဖြတ်မှုအပေါ် ဘင်္ဂလားဒေ့ရှ်ကန့်ကွက် ၂၀၂၄ ခုနှစ် သြဂုတ်လ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားဒေသရှိ တံငါသည်တစ်ဦး ဘင်္ဂလားပင်လယ်အော်တွင် ငါးဖမ်းရန် ပြင်ဆင်နေစဉ်။
AFP

မြန်မာရေတပ်ကပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတစ်ဦး သေဆုံးရမှုကို ကန့်ကွက်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောလိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက် ဗုဒ္ဓဟူးနေ့က မြန်မာရေပိုင်နက်ထဲ လမ်းမှားရောက်သွားတဲ့ ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေတွေကို မြန်မာရေတပ်က ပစ်ခတ်ခဲ့တဲ့အတွက် ငါးဖမ်းသမား တစ်ဦးသေဆုံးပြီး ဒါဇင်နဲ့ချီ ဖမ်းဆီးခံခဲ့ရပါတယ်။

ဒီငါးဖမ်းလှေတွေဟာ နှစ်နိုင်ငံရေနယ်နိမိတ်ပိုင်းခြားထားတဲ့ နတ်မြစ်ဝက စိန့်မာတင်ကျွန်းအနီးမှာ ငါးဖမ်းနေစဉ် ပင်လယ်ရေစီးကြောင့် မထင်မှတ်ဘဲ မြန်မာရေပိုင်နက်ထဲရောက်သွားခဲ့တာလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်က ကြားဝင်ဆက်သွယ်ခဲ့တဲ့နောက် မြန်မာရေတပ်က ဖမ်းဆီးထားတဲ့ ငါးဖမ်းသမားတွေကို ကြာသပတေးနေ့က ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ အခုလို မလိုလားအပ်တဲ့ဖြစ်ရပ်မျိုး ထပ်မံမဖြစ်အောင်ရှောင်ရှားနိုင်မဲ့ နည်းလမ်းတွေ ချက်ချင်းဆောင်ရွက်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ကြေညာချက်ထုတ်ပြန်တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။