မြဝတီ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကနေ သီရိလင်္ကာ အယောက် ၂၀ လွတ်မြောက်

RFA Burmese
2024.08.14
မြဝတီ အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေကနေ သီရိလင်္ကာ အယောက် ၂၀ လွတ်မြောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း မြင်တွေ့ရသည့် ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်မြင်ကွင်း။
RFA

ကရင်ပြည်နယ် မြဝတီမှာ လည်ပတ်နေတဲ့ အွန်လိုင်းဒုစရိုက်ဂိုဏ်းတွေမှာ လုပ်ကိုင်ဖို့ လူကုန်ကူးခံရတဲ့ သီရိလင်္ကာနိုင်ငံသား ၅၄ ယောက်ထဲက အယောက် ၂၀ ပြန်လွတ်လာပြီလို့ Daily Mirror သတင်းက သြဂုတ် ၁၄ ရက်က ဖော်ပြပါတယ်။

သူတို့ လွတ်လာတာကို မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီးက အတည်ပြုပြီး နယ်စပ်က တဆင့် ထိုင်းကို ပို့ဆောင်ထားတယ်လို့ ပြောပါတယ်။

မြန်မာစစ်ကောင်စီနဲ့ သီရိလင်္ကာက ထိုင်းအာဏာပိုင်တွေနဲ့ အဆက်မပြတ် စေ့စပ်ဆောင်ရွက်တဲ့ ရလာဒ်အဖြစ် လွတ်မြောက်လာကြတာလို့လည်း ပြောပါတယ်။

သူတို့ကို လူဝင်မှုကြီးကြပ်ရေးဌာန အာဏာပိုင်တွေလက်လွှဲအပ်ထားပြီး ခွင့်ပြုချက်ရရင် သီရိလင်္ကာကို ပြန်လည်ပို့ဆောင်မယ်လို့ သတင်းမှာဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း မြဝတီမြို့က အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ရှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။