ရေကာတာတည်ဆောက်မှု ရပ်တန့်ရေး စုပေါင်း လက်မှတ်ထိုးနေကြ

မြစ်ဆုံရေကာတာ တည်ဆောက်မှုနဲ့ ဧရာဝတီမြစ် ပျက်စီးမယ့် စီမံကိန်းတွေ ကို ရပ်တန့်ပေးဖို့ တောင်းဆိုမှုတွေကို ဒီကနေ့ မန္တလေး၊ ဟင်္သာတ အပါအဝင် ဧရာဝတီ မြစ်ကြောင်းတလျှောက်က မြို့ကြီးတွေမှာ စတင် ပြုလုပ်နေကြောင်း သတင်း ရရှိပါတယ်။

2011.08.27
kachin_myitsone_dam_305_z.png ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား အထက်ဖက် ၂၅ မိုင်အကွာတွင် တည်ဆောက်နေသည့် မြစ်ဆုံ ရေကာတာ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ ထိုနေရာ အနီးမှာပင် တရုတ်နှင့် အိန္ဒိယသို့ ဖောက်လုပ်မည့် လီဒိုလမ်းအတွက် ဧရာဝတီ မြစ်ကူးတံတား အသစ်တခု တည်ဆောက်မည်။ (RFA Map)
RFA Map

ဟင်္သတမြို့မှာ လူငယ်တွေ စုစည်းပြီး “ဧရာဝတီကို ထာဝရ ရှင်သန်စေသူများ” ဆိုပြီး စုပေါင်း လက်မှတ်ရေးထိုးနေကြောင်း လူငယ်တွေက ပြောပါတယ်။

ဧရာဝတီမြစ်ဖျားမှာ ရေကာတာ တည်ဆောက်ခြင်းဖြင့် ဧရာဝတီမြစ် ပျက်စီးပြီး မြန်မာ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမယ့်အရေးကို ကာကွယ်ဖို့အတွက် အခုလို လူငယ်တွေ စုစည်း လုပ်ဆောင်ရတာဖြစ်ကြောင်း ဟင်္သာတ ဒေသခံလူငယ်က ပြောပြပါတယ်။

မေခ၊ မလိခနဲ့ ဧရာဝတီမြစ်ဆုံမှာ တရုတ်နဲ့ မြန်မာကုမ္ပဏီတွေ ပူးပေါင်းပြီး ရေကာတာ ၇ ခု တည်ဆောက်မှာ ဖြစ်ပါတယ်။ ရတဲ့လျှပ်စစ် ၉၉ ရာခိုင်နှုန်းကို တရုတ်ပြည်ကို ရောင်းမှာဖြစ်ပါတယ်။

တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့ အနေနဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားကို လစ်လျူရှုပြီး မလုပ်ဆောင်သင့်ကြောင်း၊ ဒါကြောင့် ကန့်ကွက်ရတာဖြစ်ကြောင်း၊ ဟင်္သာတ လူငယ်တွေက ပြောပါတယ်။

ဧရာဝတီမြစ်ဖျားမှာ အခုလို ရေကာတာတွေ တည်ဆောက်မယ့်အရေးကို မန္တလေးမြို့ခံတွေကလည်း ကန့်ကွက်ကြောင်းနဲ့ ဆည်တည်ဆောက်ခြင်းကြောင့် မြန်မာပြည်မှာ ထိခိုက် ဆုံးရှုံးနိုင်တာတွေနဲ့ ပတ်သက်ပြီး စတင် ပညာပေး ဖြန့်ဝေနေပြီဖြစ်ကြောင်း မန္တလေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတဦးက ပြောပါတယ်။

အခုလို ဧရာဝတီမြစ် ထာဝရ ရှင်သန်ရေးနဲ့ မြစ်ဆုံဆည် တည်ဆောက်ရေး ကန့်ကွက်လှုပ်ရှားမှုကို ဧရာဝတီ မြစ်ကမ်းပေါ်က မြို့တမြို့ ဖြစ်တဲ့ ရေနံချောင်းမြို့မှာလည်း စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရပါတယ်။

မြစ်ဆုံဆည် တည်ဆောက်မှု ကန့်ကွက် လက်မှတ်ရေးထိုးတာတွေကို ရေနံချောင်းမှာ ပြုလုပ်သွားမှာ ဖြစ်ကြောင်း ရေနံချောင်းမြို့ခံကလည်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-08-27 14:00

မြန်မာပြည်တပြည်လုံးအနှံအမြန်ဆုံးလှုပ်ရှားသင့်နေပြိလို
အလုံးစုံအပြည်အ၀ထောက်ခံပါတယ်

Anonymous
2011-09-03 15:27

Save the our mother of river irrawaddy and Save the Burma.

Anonymous
2011-08-27 09:04

This Government does not listen to the voice of its own peoples, means, not belong to the Peoples of Burma, but belong to Thanshwe and the Chinese. All must join KIA to eliminate this Government and liberate the country from 60 years of Slavery (we are sufering more than Libyans who suffered only 42 years).

Anonymous
2011-08-27 18:41

Save Irrawaddy and Burma

Anonymous
2011-08-28 10:54

It is entirely outrageous to hear about what Myanmar goverment's doing for Ayyarwadi Myit Sone Dam. They are selling everything off from Myanmar country for their own benefit ,saying another words for their famliy. They also sold many historical building in Yangon. It is entirely not a fault for buyer but seller, Corrupted Goverment.
More over they wanna sell even river for our country, they should be punished. They don't have brain how to run the country in a better way. This projet for building Myit Sone Dam should be objected for the sake of burmese next generation.

Sorry that I couldn't type burmese font as I don't know how to.

Kind Regards