ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ခံဖို့ အစည်းအဝေးကျင်းပ
2013.07.18
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အစိုးရရဲ့ သန်းခေါင်စာရင်း ကောက်ခံမှုကို ကူညီဖို့အတွက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA ဟာ အစိုးရတာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ နည်းပညာအစည်းအေဝး ဒီနေ့ ကျင်းပပါတယ်။
နှစ်ပေါင်း ၃ဝ ကြာပြီးမှ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ရမှာဖြစ်တဲ့အတွက် အခက်အခဲကြုံတွေ့ရနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်က RFA ကို ပြောပါတယ်။
“UN အနေနဲ့ကတော့ ဂိုက်လိုင်းအတိုင်း အဆင့်လေးဆင့်မှာ သက်ဆိုင်ရာအစိုးရကို အကူအညီပေးနေတာပေါ့၊ အခက်အခဲလေးတွေကတော့ ရှိတာပေါ့နော်၊ ဘာလို့လဲဆိုရင် နှစ် ၃ဝ ကြာမှ ကောက်တာကိုး၊ သက်ဆိုင်ရာအစိုးရမှာ နောက်ဆုံးသန်းခေါင်စာရင်း ကောက်ခဲ့တုန်းကလူတွေက ပင်စင်သွားပြီ၊ ရှိနေတဲ့လူတွေက လူသစ်တွေဆိုတော့ သိပ်မသိကြဘူးလေ"
နေပြည်တော်မှာ ဇူလိုင်လ ၁၇ ရက်နေ့ကနေ မနက်ဖြန် ဇူလိုင်လ ၁၉ ရက်နေ့အထိ သန်ခေါင်စာရင်း ဘယ်လိုကောက်ယူမလဲဆိုတဲ့ နည်းပညာဆိုင်ရာ အစည်းအေဝးကျင်းပနေတာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ကလည်း မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ လူဦးရေစာရင်းကို တစ်ချိန်တည်း ပူးတွဲကောက်ခံမယ်လို့ ILO ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆက်ဆံညှိနှိုင်းရေးအရာရှိ Steve Marshall က မနေ့က သတင်းစာရှင်းလင်းပွဲမှာပြောတာကို စကားပြန်ကတဆင့် အခုလို ပြောခဲ့ပါတယ်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ၂ဝ၁၄ ခုနှစ် မတ်လ ၃ဝ ရက်နေ့ကနေ ဧပြီ ၁ဝ ရက်နေ့ထိ ကောက်ခံသွားမှာဖြစ်ပါတယ်။