ကိုနေမျိုးဇင်နဲ့ ငြိမ်းချမ်းရေးအဖွဲ့ လိုင်ဇာမြို့အနီး ရောက်ရှိ


2013.02.21

အဖွဲ့ဝင် ၃၀ ကျော်ပါဝင်တဲ့ ကိုနေမျိုးဇင်နဲ့အဖွဲ့ဟာ ဗန်းမော်မြို့ ကနေတဆင့် မနေ့ ညနေ ၅ နာရီလောက်မှာ လိုင်ဇာမြို့နဲ့ သိပ်မဝေးတော့တဲ့ လက်ဝါးယန်ရွာကို ရောက်ရှိခဲ့ကြပါတယ်။

ခရီးတလျောက် အတားအဆီးအခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတယ်လို့ ကိုနေမျိုးဇင်က RFA ကို ပြောပါတယ်။

"ငါးနာရီလောက်မှာ ရောက်ပါတယ်၊ လမ်းကြောင်းတစ်လျှောက် မြို့သစ်တို့၊ မိုးမောက်တို့ အဖွဲ့တွေပေါင်းလိုက်တော့ အားလုံးပေါင်း ၄၀ လောက်က လိုင်ဇာမြို့နဲ့  ၁၈ မိုင်လောက်ဝေးတဲ့နေရာကိုရောက်တယ်၊  လိုင်ဇာဘက်ထွက်တဲ့ လမ်းမှာ ကျွန်တော်တို့ကိုပိတ်တယ်၊ ၂ နာရီ ၁၅ လောက်ရောက်တော့ ဗျူဟာမှူးကိုယ်တိုင်လာပြီးတော့ ကျွန်တော်ကိုပြောတယ် သွားခွင့်ပြုတယ်ဆိုပြီးတော့ အဲဒါနဲ့ ကျွန်တော်တို့လဲ ချက်ချင်း ထထွက်လာတယ်"

လိုင်ဇာရောက်ရင် သူတို့အဖွဲ့ ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ ကိုနေမျိုးဇင်က အခုလို ရှင်းပြပါတယ်။

"ကျွန်တော်တို့ပါလာတဲ့ ရန်ကုန်မြို့က အလှူရှင်တွေလှူလိုက်တဲ့ ဆေးတွေကို လှူဒါန်းပါမယ်၊ ဒုတိယအချက်ကတော့ ကွဲကွာနေတဲ့ မိသားစုတွေကို ပြန်လည်တွေ့ဆုံခွင့်ရဖို့ပါ၊ လိုင်ဇာက တာဝန်ရှိသူတွေ ခွင့်ပြုမယ်ဆိုရင် ငြိမ်းချမ်းရေး ကျောက်တိုင်တစ်ခုကို တည်ဆောက်ချင်ပါတယ်၊ ငြိမ်းချမ်းရေလမ်းလျှောက်တဲ့ အဖွဲ့တွေအားလုံး ဒီကိုလာမှာပါ"

ကိုနေမျိုးဇင်တို့ အဖွဲ့အပါအဝင် ကချင်ပြည်နယ် ငြိမ်းချမ်ရေး ရည်ရွယ်ချက်နဲ့ လမ်းလျှောက်နေကြတဲ့ အဖွဲ့ပေါင်း ၃ ဖွဲ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်ကနေထွက်ခဲ့တဲ့အဖွဲ့နဲ့ မြင်းခြံကနေ စတင်လမ်းလျှောက်ခဲ့တဲ့အဖွဲ့တွေဟာ  စစ်ကိုင်းတိုင်းအတွင်း ရောက်ရှိနေပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။