ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံး တွေ့ဆုံမည်


2018.10.20
pado-kawhtoowin-622 ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဌ ပဒို စောကွယ်ထူးဝင်း ကို တွေ့ရစဉ်
Photo: RFA

NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ခေါင်းဆောင်တွေ အချင်းချင်း တွေ့ဆုံမယ့် ဆွေးနွေးပွဲကို မဖြစ်မနေ ကျင်းပသွားမယ်လို့ တွေ့ဆုံပွဲဖြစ်မြောက်ရေး ဆောင်ရွက်နေတဲ့ KNU ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်လာနိုင်ရေး အစိုးရနဲ့ ညှိုနှိုင်းရေးအတွက် ဆွေးနွေးကြဖို့ လိုအပ်တဲ့အတွက်ကြောင့် အခုလို စီစဉ်တာလို့ RFA ကို ပြောပါတယ်။

တွေ့ဆုံပွဲကို လာမယ့် နိုဝင်ဘာလ ဒုတိယပတ်လောက်မှာ ကျင်းပဖို့ လျာထားပြီး နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့တွေ တက်ရောက်နိုင်မယ့် နေရာတစ်ခုဖြစ်အောင် ညှိနှိုင်းရဦးမယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲကို တရုတ်နိုင်ငံထဲမှာ လုပ်မယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးနဲ့ တွေ့ဆုံပွဲ ဖြစ်မြောက်ရေးအတွက် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့ဘက်က ကော်မတီတစ်ခု ဖွဲ့စည်းထားပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် ဦးဆောင်ကာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့ဘက်ကလည်း ကော်မတီဖွဲ့ကာ နှစ်ဖက်ညှိနှိုင်းကြမယ်လို့ သိရပါတယ်။

အဲဒီတွေ့ဆုံပွဲပြုလုပ်ဖို့ မြောက်ပိုင်းကအဖွဲ့တွေထံ အကြောင်းကြားပြီးဖြစ်သလို တွေ့ဆုံပွဲဖြစ်မြောက်ရေး ခေါင်းဆောင်တွေ အချင်းချင်း မကြာမီတွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။