NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ပါတီကိုယ်စားလှယ်တွေ တေ့ွဆုံ


2017.03.15
nld-member-meeting-620.jpg NLD ပါတီ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ပါတီကိုယ်စားလှယ်တွေ နေပြည်တော်မှာ မတ်လ ၁၅ ရက်နေ့က တွေ့ဆုံကြစဉ်
Photo: Win Naung Toe/RFA

ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရရှိရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့နဲ့ လယ်ယာမြေပြဿနာတွေကို ဖြေရှင်းရာမှာ ပါဝင်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အတွင်းရေးမှူးအဖွဲ့ဝင်တွေက ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်တွေကို တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ နေပြည်တော် လွှတ်တော်ဝင်းအတွင်းက ဇမ္ဗူသီရိခန်းမမှာ ပါတီလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ ဆုံပြီး ပြောကြားခဲ့တာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။  

လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်မှာ မေးခွန်းနဲ့ အဆိုတွေတင်ပြဆွေးနွေးရာ မှာ တိုးတက်လာပေမယ့် ပိုမိုကြိုးစားဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောခဲ့တယ်လို့လည်း သိရပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့် ၊ ဦးထွန်းထွန်းဟိန် ၊ ဒေါက်တာမေဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းနဲ့ တိုင်းနဲ့ပြည်နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။