အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအတွက် သီချင်းထုတ်မယ်

လာမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အင်န်အယ်လ်ဒီက အသုံးပြုမယ့် တေးသီချင်းအသစ် ရေးစပ် သီဆိုရေးနဲ့ ပတ်သက်လို့ ဂီတ အနုပညာရှင်တွေနဲ့ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်းမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

2011.11.25
assk-singers-305 NLD ရွေးကောက်ပွဲ အောင်နိုင်ရေး တေးသီချင်းအသစ် ရေးစပ်သီဆိုရေး ဆွေးနွေးခဲ့ကြသည့် အနုပညာရှင်များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမှတ်တရ ဓာတ်ပုံမြင်ကွင်း။ Photo: NLD
NLD

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရွေးကောက်ပွဲအတွက် သီချင်းထုတ်မယ် လာမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အင်န်အယ်လ်ဒီက အသုံးပြုမယ့် တေးသီချင်းအသစ် ရေးစပ် သီဆိုရေးနဲ့ ပတ်သက်လို့ ဂီတ အနုပညာရှင်တွေနဲ့ ဆွေးနွေးပွဲကို ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်းမှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲနဲ့ အတူ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်က ပညာရေးကွန်ရက် တစ်နှစ်မြောက် ဈေးရောင်းပွဲမှာ ပါဝင် ကူညီခဲ့သူများကို ဂုဏ်ပြုပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အောင်နိုင်ရေး အတွက် ဂီတအနုပညာ သမားတွေဘက်က တတ်စွမ်းသမျှ ဝိုင်းဝန်း ကူညီပေးဖို့ ဖြစ်ကြောင်း ဒီဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ Hip Hop အဆိုတော် ကိုဇေယျာသော်က အာရ်အက်ဖ်အေကို ပြောပါတယ်။

တိုင်းပြည်ရဲ့ စိတ်ဓာတ် ခွန်အားဖြစ်စေမယ့် သီချင်းမျိုး ရေးစပ်ဖို့ ဆွေးနွေးခဲ့ကြကြောင်း ဂီတအနုပညာရှင် ဆောင်းဦးလှိုင်ကလည်း ပြောပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-26 12:34

နိုင်ငံရေးသည်ယင်းနိုင်ငံတွင်နေထိုင်သော နိုင်ငံသားတိုင်းနှင့် အပြည့် အ၀သက်ဆိုင်သည်။