၀န်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော် အပါအဝင် ၃ ဦးကို စစ်ဆေးပေးဖို့ အတိုင်ပင်ခံထံ တောင်းဆို


2019.02.15
dassk-tanintharyi-622.jpg ထားဝယ်မြို့က မြို့တော်ခန်းမမှာ ဒေသခံလူထုတွေနဲ့ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့စဉ်
Photo: Myanmar State Counsellor Office

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်၊ စီမံဘဏ္ဍာဝန်ကြီး ဦးဖြိုးဝင်းထွန်းနဲ့ တိုင်း NLD ပါတီဥက္ကဋ္ဌ ဦးအောင်စိုး တို့ရဲ့ လုပ်ဆောင်ချက်တွေကို တိကျမှန်ကန်တဲ့ အဖွဲ့တွေနဲ့ စစ်ဆေးပေးဖို့ ရေဖြူမြို့ခံတစ်ယောက်က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ထားဝယ်မြို့က မြို့တော်ခန်းမမှာ ဒေသခံလူထုတွေနဲ့ ဒီနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ ရာမှာ တက်ရောက်လာတဲ့ မြို့ခံတစ်ဦးက တောင်းဆိုခဲ့တာပါ။ အဲဒီလိုတောင်းဆိုတဲ့အတိုင်း စစ်ဆေးမှုတွေ လုပ်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့ပါတယ်။

တွေ့ဆုံပွဲမှာ လူမှုအဖွဲ့အစည်း၊ တက္ကသိုလ်ကျောင်းသားတွေ၊ ဒေသခံပြည်သူတွေ စတဲ့အလွှာအသီးသီးက ရွေးချယ်ထားတဲ့ ၁၂ ယောက်က အတိုင်ပင်ခံကို တိုက်ရိုက်မေးခွန်း မေးမြန်းခွင့်ရကြတာဖြစ်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် လာရာလမ်းတလျောက်မှာ ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂက တိုင်း NLD ဥက္ကဋ္ဌ ဦးအောင်စိုးကို အရေးယူပေးဖို့၊ တနင်္သာရီတိုင်း ဒေသခံတွေရဲ့ အသံကိုနားထောင်ပြီး ဝန်ကြီးချုပ်ကို အမြန်ဆုံး တာဝန်ကနေ ဖယ်ရှားပေးဖို့ စတဲ့ စာသားတွေရေးသားထားတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။