သူနာပြုသားဖွားတွေအတွက် စားစရိတ်နဲ့ ဝတ်စုံစရိတ် တိုးပေးမည်


2017.06.23
nurse-620.jpg သူနာပြုဆရာမများကို တွေ့ရစဉ်
Photo: RFA

သူနာပြုသားဖွားတွေရဲ့ စားစရိတ်ကို တလမှာ နှစ်သောင်းကျပ်နဲ့ ဝတ်စုံစရိတ်ကို တစ်နှစ်မှာ နှစ်သောင်းကျပ်အထိ တိုးမြှင့်ပေးသွားမယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး ကပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ငွေက သူနာပြုသားဖွားဝန်ထမ်းတွေရဲ့ စားစရိတ်နဲ့ ဝတ်စုံ စရိတ်ကို ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ပေးဖို့ အစီအစဉ်ရှိ၊ မရှိကို ဒီကနေ့ အမျိုးသားလွှတ်တော်မှာ မေးမြန်းရာ မှာ ဝန်ကြီး ဒေါက်တာမြင့်ထွေးက တိုးမြှင့်ပေးဖို့ စီစဉ်ထားတဲ့အကြောင်း ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

"၁ လလျှင် စားစရိတ်အနေနဲ့ သားဖွားဆရာမ ၂ သောင်းရပါတယ်၊ ဝတ်စုံစားရိတ်ကတော့ တစ်နှစ်လုံး အတွက်ကို ၂ သောင်းရပါတယ်"

လက်ရှိအချိန်အထိ သူနာပြုသားဖွားတွေဟာ စားစရိတ်အဖြစ် တစ်လမှာ ၃ဝ ကျပ်နဲ့ ဝတ်စုံစရိတ်အဖြစ် တစ်နှစ်ကို ၅ ကျပ်သာ ရရှိနေတာဖြစ်ပါတယ်။

တစ်နိုင်ငံလုံးမှာ သူနာပြုသားဖွားစုစုပေါင်း ၃၈၅ဝဝ နီးပါးရှိပြီး စားစရိတ်အတွက် တစ်နှစ်မှာ  ကျပ် ၇၆၈ သန်းနဲ့ ဝတ်စုံစရိတ် တစ်နှစ်စာအတွက် ကျပ် ၇၈ သန်း ပိုမိုသုံးစွဲမယ်လို့လည်း ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။