သူနာပြု သားဖွားတွေကို လစာတိုးပေးမည်
2017.06.30

သူနာပြုတွေနဲ့ သားဖွာဆရာမများရဲ့ ရာထူးနဲ့ လစားနှုန်းထားများကို တိုးမြှင့်ပြင်ဆင်ပေးဖို့ အစီအစဉ် ရှိကြောင်း ကျန်မာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေး က ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပြော ပါတယ်။
ဂန့််ဂေါမဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်တင်သွင်းထားတဲ့ ကျန်းမာရေးအတွက် အဓိကကျပြီး အရေးပါတဲ့ သူနာပြုလောကကို ပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး နိုင်ငံတော်ရဲ့ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးပါ ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော် ကိုယ်စားလှယ်တွေ ဆွေးနွေးအပြီး ပြန်လည် ရှင်းလင်းရာမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က အခုလိုထည့်သွင်းပြောဆိုသွားတာပါ။
ဘက်စုံသားဖွားဒီပလိုမာရထားတဲ့ သားဖွားဆရာမတွေကို လက်ရှိလစာနှုန်းထား တစ်သိန်းခွဲကနေ တစ်သိန်းခြောက် သောင်းငါးထောင်ကျပ်၊ သူနာပြုသိပ္ပံဘွဲ့ရထားတဲ့ သူနာပြုတွေကို တစ်သိန်းခြောက် သောင်း ငါးထောင်ကနေ တစ်သိန်းရှစ်သောင်းနှုန်း တိုးမြှင့်ပေးသွားမှာဖြစ်ပြီး သူနာပြုသားဖွားဒီပလိုမာ ရထားတဲ့သူတွေ ကိုတော့ လက်ရှိလစားနှုန်းထားဖြစ်တဲ့ တစ်သိန်းခြောက်သောင်းငါးထောင်အတိုင်းသာထားရှိသွား မှာဖြစ်ကြောင်း ဒေါက်တာမြင့်ထွေးက ပြောပါတယ်။
ဒါ့အပြင် ကျေးလက်ကျန်းမာရေးဌာနတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ သားဖွားဆရာမများကိုလက်ရှိ လစာနှုန်း ထား တစ်သိန်းငါးသောင်းကနေ တစ်သိန်းခြောက်သောင်းငါးထောင် အမျိုးသမီးကျန်းမာရေး ဆရာမများကို လက်ရှိလစာနှုန်းထား တစ်သိန်းခြောက်သောင်းငါထောင်ကနေ တစ်သိန်းရှစ်သောင်း အထိ တိုးမြှင့်ပေးဖို့ စီစဉ်နေကြောင်း ပြောပါတယ်။
သူနာပြုနဲ့သားဖွားဆရာမများရဲ့ လိုအပ်ချက်တွေကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီဌာနက ဖြည့်ဆည်းပေးနေတဲ့ အပြင် ကျန်တဲ့ကျွမ်းကျင်ဝန်ထမ်းတွေအတွက်လည်း စီစဉ်နေတာကြောင့် အဆိုကိုမှတ်တမ်းတင်ဖို့ ဒေါက် တာမြင့်ထွေးက ပြောဆိုတာကြောင့် အဆိုကို မှတ်တမ်းတင်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။