ကန်သမ္မတ ခရီးစဉ်တွင် ၈၈မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံဖွယ်ရှိ

အမေရိကန် သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ၈၈မျိုးဆက် ကျောင်းသားတွေနဲ့ တွေ့ဆုံဖွယ် ရှိတယ်လို့ ၈၈မျိုးဆက်ကျောင်းသားတွေထံမှ သိရှိရပါတယ်။

2012.11.09

တရားဝင်ဖိတ်ကြားတာ မဟုတ်သေးပေမဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ တာဝန်ရှိသူတဦးက သမ္မတအိုဘားမားနဲ့တွေ့ဆုံမယ့် စာရင်းထဲမှာ ၈၈မျိုးဆက်ကျောင်းသားတွေပါဝင်တယ်လို့ ဒီကနေ့မှာ ဖုန်းနဲ့အကြောင်းကြားလာကြောင်း ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ရဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုဇော်မင်း က RFA ကို ပြောပါတယ်။

လတ်တလောမှာတော့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့ရဲ့ ခေါင်းဆောင်တွေဟာ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်တွေ၊ နိုင်ငံရပ်ခြား ခရီးစဉ်တွေရှိနေပေမယ့် မြန်မာနိုင်ငံကို သမ္မတအိုဘားမား လာရောက်မယ့် အချိန်ကျရင် ခရီးစဉ်တွေက အချိန်မှီ ပြန်ရောက်ဖို့ရှိတယ်လို့ သိရပါတယ်။

အမေရိကန် သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး အပြောင်းလဲကာလမှာ ပါဝင်လှုပ်ရှားနေတဲ့ လူမှုရေးအသင်းအဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ အိမ်ဖြူတော်က ကြေငြာချက်အရ သိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။